×

ထို့ပြင် မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) သူတော်စင်တို့ကိုမူကား အလ္လာဟ်အရှင်မြတ်သည် သူတို့အား (အရှင့်လမ်းစဉ်တော်အတိုင်း ဘဝဆောက် တည်လျက် 39:61 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:61) ayat 61 in Burmese

39:61 Surah Az-Zumar ayat 61 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 61 - الزُّمَر - Page - Juz 24

﴿وَيُنَجِّي ٱللَّهُ ٱلَّذِينَ ٱتَّقَوۡاْ بِمَفَازَتِهِمۡ لَا يَمَسُّهُمُ ٱلسُّوٓءُ وَلَا هُمۡ يَحۡزَنُونَ ﴾
[الزُّمَر: 61]

ထို့ပြင် မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူ) သူတော်စင်တို့ကိုမူကား အလ္လာဟ်အရှင်မြတ်သည် သူတို့အား (အရှင့်လမ်းစဉ်တော်အတိုင်း ဘဝဆောက် တည်လျက် ဆွတ်းခူးခဲ့သော ကောင်မှုဆိုင်ရာ) အောင်မြင်မှုနှင့်အညီ လွတ်မြောက်စေတော်မူပေမည်။ ထို့ပြင် သူတို့အား မကောင်းမှုအကုသိုလ်များဖြင့် အလျှင်း ထိခိုက်ဆိုက်ရောက်စေမည် မဟုတ်သည့်အ ပြင် သူတို့သည် ဝမ်းနည်းပူဆွေးကြရမည်လည်း မဟုတ်ပေ။

❮ Previous Next ❯

ترجمة: وينجي الله الذين اتقوا بمفازتهم لا يمسهم السوء ولا هم يحزنون, باللغة البورمية

﴿وينجي الله الذين اتقوا بمفازتهم لا يمسهم السوء ولا هم يحزنون﴾ [الزُّمَر: 61]

Ba Sein
၆၁။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ဒုစရိုက်မကောင်းမှုကို ကြည့်ရှောင်သောသူတော်ကောင်းတို့အား မိမိတို့၏ ကုသိုလ်ကောင်းမှု၏ အကျိုးဆက်ကြောင့် မြင့်မြတ်သောနေရာဌာနသို့ ပို့တော်မူ၏၊ သူတို့သည် ဒုက္ခမရ၊ ညှိုးနွမ်းပူဆွေးခြင်းလည်း မရကြချေ။
Ghazi Mohammad Hashim
၎င်းပြင် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော "မွတ္တကီ" သူတော်စင်တို့ကိုမူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အောင်မြင်မှုနှင့်တကွ လွတ်မြောက်စေတော်မူပေမည်။ ၎င်းတို့တွင် ဘေးဒုက္ခသည်လည်း ဆိုက်ရောက်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ပေတကား။
Hashim Tin Myint
ထို့ပြင် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်‌သော မုသ်သကီများကို‌တော့ အလ္လာဟ်အရှင်မြတ်သည် သူတို့၏‌အောင်မြင်မှုနှင့်တကွ လွတ်‌မြောက်‌စေ‌တော်မူမည်။ သူတို့တွင် ဒုက္ခလည်းကျ‌ရောက်မည် မဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ပူ‌ဆွေးကြရမည်လည်း မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek