×

(ထိုစဉ် မွတ္တကီများဖြစ်သော) ထိုသူတို့က ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ ထားရှိတော်မူသော အရှင့်ကတိတော်ကို တိကျမှန်ကန်မျှတစွာ ပြည့်မီစေတော်မူသည့်အပြင် 39:74 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:74) ayat 74 in Burmese

39:74 Surah Az-Zumar ayat 74 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 74 - الزُّمَر - Page - Juz 24

﴿وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي صَدَقَنَا وَعۡدَهُۥ وَأَوۡرَثَنَا ٱلۡأَرۡضَ نَتَبَوَّأُ مِنَ ٱلۡجَنَّةِ حَيۡثُ نَشَآءُۖ فَنِعۡمَ أَجۡرُ ٱلۡعَٰمِلِينَ ﴾
[الزُّمَر: 74]

(ထိုစဉ် မွတ္တကီများဖြစ်သော) ထိုသူတို့က ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ ထားရှိတော်မူသော အရှင့်ကတိတော်ကို တိကျမှန်ကန်မျှတစွာ ပြည့်မီစေတော်မူသည့်အပြင် သုခဘုံဥယျာဉ်ထဲတွင် ကျွန်ုပ်တို့၏ဆန္ဒအလျောက် အလိုရှိသည့်နေရာတိုင်းတွင် အခြေချနေထိုင်စံမြန်းနိုင်ရန် (ဤသုခဘုံ၏) မြေကမ္ဘာကို အမွေအဖြစ် ပိုင်ဆိုင်စေတော်မူ၏။ စင်စစ်မှာကား (ကောင်းမြတ်သော အပြုအမှုများကို) ပြုမူကျင့်ကြံလုပ်ဆောင်ကြသူတို့အတွက် အလွန်ပင် ကောင်းမြတ်သော အကျိုးဆုလဒ်ပင် ဖြစ်ပေတကား။

❮ Previous Next ❯

ترجمة: وقالوا الحمد لله الذي صدقنا وعده وأورثنا الأرض نتبوأ من الجنة حيث, باللغة البورمية

﴿وقالوا الحمد لله الذي صدقنا وعده وأورثنا الأرض نتبوأ من الجنة حيث﴾ [الزُّمَر: 74]

Ba Sein
၇၄။ သုခဘုံသားတို့က အလ္လာဟ်အရှင်မြတ်သည် အ့ံချီးမဆုံးဖြစ်တော်မူ၏၊ အကျွနု်ပ်တို့အား ထားတော်မူသော ကတိသစ္စာတော်ကို တည်တော်မူပါပြီ၊ အကျွန်ုပ်တို့အား ဤနိဗ္ဗာန်ရွှေဘုံတဝှမ်းလုံးကို အမွေပေးတော်မူပါပြီ၊ ဤဥယျာဉ်တော်၌ အကျွန်ုပ်တို့သည် မိမိအလိုရှိရာနေရာတွင် စံမြန်းနေထိုင်နိုင်ကြ၏ဟု ဥဒါန်းရင့်ကျူးကြ၏၊ ကုသိုလ်ကောင်းမှုပြုသူတို့၏ အဖိုးအခသည် ဤကဲ့သို့ပေါများကြွယ်ဝ၏။
Ghazi Mohammad Hashim
(ထိုရောအခါဝယ်) ထို(သူတော်စင်)တို့က "ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့နှင့်ပတ်သက်၍ မိမိထားရှိတော်မူခဲ့သောကတိကို မှန်ကန်စေတော်မူခဲ့သည့်ပြင် ဤ("ဂျန္နတ်"သုခဘုံ၏)မြေကို ကျွန်တော်မျိုးတို့အား အမွေအဖြစ် ပိုင်ဆိုင်စေတော်မူပြီးဖြစ်ရာ ကျွန်တော်မျိုးတို့မှာ "ဂျန္နတ်" သုခဘုံတွင် မိမိတို့အလိုရှိရာနေရာများ၌ နေထိုင်နိုင်ကြပေသည်"ဟု (ဝမ်းမြောက်စွာ) ပြောဆိုကြပေမည်။ စင်စစ်မှာကား အားထုတ်သူတို့၏ အကျိုးကျေးဇူးသည် လွန်စွာ ကောင်းမြတ်လှပေတကား။
Hashim Tin Myint
ထို့ပြင် သူတို့က ‌ပြောဆိုကြမည်- “ချီးမွမ်းခြင်းအ‌ပေါင်းသည် အကြင် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်‌တော်မူပါသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ အရှင်မြတ်ပြုလုပ်‌တော်မူခဲ့သည့်ကတိအား မှန်ကန်‌စေ‌တော်မူခဲ့သည့်အပြင် ဤ(ဂျန္နသ်)‌မြေကို ကျွန်ုပ်တို့အား အ‌မွေအဖြစ် ပိုင်ဆိုင်‌စေ‌တော်မူခဲ့သည့်အတွက် ကျွန်ုပ်တို့သည် ထိုအထဲတွင် ကျွန်ုပ်တို့အလိုရှိ‌သော‌နေရာများ၌ ‌နေထိုင်နိုင်ကြသည်“။* ထို့ပြင် (‌ကောင်းမြတ်‌သော)အလုပ် လုပ်ကိုင်‌သောသူများ၏အကျိုးအမြတ်သည် အဘယ်မျှ ‌ကောင်းလိုက်သနည်း။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek