Quran with Burmese translation - Surah Az-Zumar ayat 8 - الزُّمَر - Page - Juz 23
﴿۞ وَإِذَا مَسَّ ٱلۡإِنسَٰنَ ضُرّٞ دَعَا رَبَّهُۥ مُنِيبًا إِلَيۡهِ ثُمَّ إِذَا خَوَّلَهُۥ نِعۡمَةٗ مِّنۡهُ نَسِيَ مَا كَانَ يَدۡعُوٓاْ إِلَيۡهِ مِن قَبۡلُ وَجَعَلَ لِلَّهِ أَندَادٗا لِّيُضِلَّ عَن سَبِيلِهِۦۚ قُلۡ تَمَتَّعۡ بِكُفۡرِكَ قَلِيلًا إِنَّكَ مِنۡ أَصۡحَٰبِ ٱلنَّارِ ﴾
[الزُّمَر: 8]
﴿وإذا مس الإنسان ضر دعا ربه منيبا إليه ثم إذا خوله نعمة﴾ [الزُّمَر: 8]
Ba Sein ၈။ လူသားသည် ဘေးဒုက္ခထိသောအခါ မိမိ၏ အရှင်သခင်အထံတော်၌ မိမိအပြစ်များကို ဝန်ချတောင်းပန်၏၊ ထိုဘေးအန္တရာယ်မှ ကယ်နှုတ်တော်မူရန် ဆုတောင်း၏၊ ငါအရှင်မြတ်သည် သူ့အား ကောင်းကြီးမင်္ဂလာပေး သနားတော်မူသောအခါ သူသည် မိမိဆုတောင်းချက်များကို မေ့လျော့ပြီးလျှင် လူတို့အား အရှင်မြတ်လမ်းမှ တိမ်းစောင်းကျအောင် သွေးဆောင်ရန်အလို့ငှာ အရှင်မြတ်နှင့် တုဘက်ပြိုင်ဘက်များကို ရှာဖွေဆည်းကပ် ကိုးကွယ်ကြ၏၊ အို-မိုဟမ္မဒ်၊ သင်သည် ယင်းကဲ့သို့ပြုကျင့်သူအား ဟောကြားလော့၊ ဟယ်-မိစ္ဆာမိုက်၊ သင်၏ မိစ္ဆာအယူဝါဒ၌ လောကီတခဏမျှ ပျော်ရွှင်ချမ်းသာစွာနေလော့၊ မှတ်သားလော့၊ သင်သည် အဝီစိ ငရဲမီးကို ပိုင်ဆိုင်သူတို့ဘောင်တွင် အပါအဝင်ဖြစ်၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား (မုရှ်ရစ်က်) လူသား၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သောအခါ ထိုလူသားမှာ ၎င်းဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်ဘက်သို့ စိတ်ရောကိုယ်လှည့်၍ ထိုအရှင်မြတ်အား ဟစ်ခေါ်(တသ)လေ၏။ထို့နောက် ၎င်းအား ထိုအရှင်မြတ်သည် မိမိအထံတော်မှ ကျေးဇူးတော်တစ်စုံတစ်ရာကို ချီးမြှင့်တော်မူသောအခါ ၎င်းမှာ ယခင်က ထိုအရှင်မြတ်အား မိမိဟစ်ခေါ်(တသ)လျက်ရှိခဲ့သည်ကို မေ့လျော့သွား၏။ ထိုမှတစ်ပါး၊ ၎င်းသည် (သူ တစ်ပါးတို့အား) ထိုအရှင်မြတ်၏လမ်းတော်မှ လွဲချော် တိမ်းပါးစေရန် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်သတ်မှတ်လေ၏။(အို-နဗီတမန်တော်) အသင်သည် (ထိုလူသားအား ဤသို့)ပြောကြားပါလေ။ အသင်သည် မိမိ၏သွေဖည်မှုဖြင့်(နေ့ရက်)အနည်းငယ်မျှ အကျိုးကျေးဇူး ခံစားလေလော့။ ဧကန်မလွဲ အသင်သည် ငရဲသားတို့တွင် အပါအဝင် ဖြစ်ပေသတည်း။ |
Hashim Tin Myint ထို့ပြင် လူသားတွင် ဘေးဒုက္ခတစ်စုံတစ်ခုကျရောက်သည့်အခါ သူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ တစ်စိတ်တစ်လက်တည်းလှည့်ပြီး အရှင်မြတ်အား ဟစ်ခေါ်သည်။ ထို့နောက် သူ့ကို အရှင်မြတ်ထံတော်မှ ကျေးဇူးတော်တစ်စုံတစ်ခုကို အရှင်မြတ်က ပေးသနားတော်မူသည့်အခါ သူသည် သူ့အနေနှင့် အရှင်မြတ်အား ယခင်က သူဟစ်ခေါ်နေခဲ့သည်ကို မေ့သွားတော့သည်။ ထို့ပြင် သူသည် (သူတစ်ပါးအား) အရှင်မြတ်၏လမ်းမှ လွဲသွားစေရန်အတွက် အရှင်မြတ်တွင် ဂုဏ်ရည်တူများကို ပြုလုပ်သတ်မှတ်ခဲ့သည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်သည် အသင်၏ကျေးဇူးကန်းမှုနှင့် (အချိန်)အနည်းငယ် အကျိုးကျေးဇူးခံစားလိုက်ပါ၊ အမှန်စင်စစ် အသင်သည် ငရဲသားများထဲမှပင် ဖြစ်သည်။ |