Quran with Burmese translation - Surah An-Nisa’ ayat 118 - النِّسَاء - Page - Juz 5
﴿لَّعَنَهُ ٱللَّهُۘ وَقَالَ لَأَتَّخِذَنَّ مِنۡ عِبَادِكَ نَصِيبٗا مَّفۡرُوضٗا ﴾
[النِّسَاء: 118]
﴿لعنه الله وقال لأتخذن من عبادك نصيبا مفروضا﴾ [النِّسَاء: 118]
Ba Sein ၁၁၈။ ရှိုင်တန်မာရ်နတ်သည် အလ္လာဟ်အသျှင်မြတ် ကျိန်ဆဲတော်မူခြင်းကိုခံရ၍ ဤသို့ တင်လျှောက်၏။ အို-အသျှင် အကျွနု်ပ်သည် အသျှင်၏ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအနက် သမတ်မှတ်ထားသော သူတို့ကို အမှန်ပင်ရယူပါမည်။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် ‘ရှိုင်တွာန်’ ကို (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့ချေပြီ။ (ယင်းကဲ့သို့ ကရုဏာတော်မှကင်းဝေးရသောအခါ) ထို ရှိုင်တွာန်က (ဤသို့) လျှောက်ထားခဲ့လေသည်။ “ကျွန်တော်မျိုးသည် အရှင်မြတ်၏ကျွန်များအနက်မှ (မိမိအဖို့ မိမိ) သတ်မှတ်ပြဌာန်းပြီးဖြစ်သော ဝေစုဝေပုံတစ်စုံတစ်ခုကို မုချယူပါမည်။” |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် ရှိုင်သွာန်ကို ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့ပြီးဖြစ်သည်။ ရှိုင်သွာန်က ပြောဆိုလျှောက်ထားခဲ့သည်- ကျွန်ုပ်သည် အရှင်မြတ်၏ကျွန်များထဲမှ ခွဲဝေသတ်မှတ် ပြဋ္ဌာန်းပြီးဖြစ်သော ဝေစုဝေပုံတစ်ခုကို အမှန်မုချ ပြုလုပ်မည်ဖြစ်သည်။ |