Quran with Burmese translation - Surah An-Nisa’ ayat 119 - النِّسَاء - Page - Juz 5
﴿وَلَأُضِلَّنَّهُمۡ وَلَأُمَنِّيَنَّهُمۡ وَلَأٓمُرَنَّهُمۡ فَلَيُبَتِّكُنَّ ءَاذَانَ ٱلۡأَنۡعَٰمِ وَلَأٓمُرَنَّهُمۡ فَلَيُغَيِّرُنَّ خَلۡقَ ٱللَّهِۚ وَمَن يَتَّخِذِ ٱلشَّيۡطَٰنَ وَلِيّٗا مِّن دُونِ ٱللَّهِ فَقَدۡ خَسِرَ خُسۡرَانٗا مُّبِينٗا ﴾ 
[النِّسَاء: 119]
﴿ولأضلنهم ولأمنينهم ولآمرنهم فليبتكن آذان الأنعام ولآمرنهم فليغيرن خلق الله ومن يتخذ﴾ [النِّسَاء: 119]
| Ba Sein ၁၁၉။ အကျွနု်ပ်သည် သူတို့အား လမ်းမှားသို့ မုချသွေးဆောင်ပါမည်။ အကျွနု်ပ်သည် သူတို့၏သဏ္ဍာန် တွင်း၌ မကောင်းသောဆန္ဒများကို အမှန်ပင်ဖြစ်ပေါ်စေပါမည်။ အကျွနု်ပ်သည် သူတို့ကို ဧကန်အမှန် အမိန့်ပေးပါမည်။ သူတို့သည် တိရစ္ဆာန်များ၏နားများကို အကယ်စင်စစ်ဖြတ်ကြပါမည်။ အမှန်ပင် အကျွနု်ပ်သည် သူတို့ကို အမိန့်ပေး၍ သူတို့သည် အသျှင်မြတ်၏ ဖန်ဆင်းခြင်းကို အသွင်ပြောင်း အောင် ပြုလုပ်ပါလိမ့်မည်။ အကြင်သူသည် အလ္လာဟ်အသျှင်မြတ်အစား ရှိုင်တန်မာရ်နတ်ကို မိမိ၏ အကြီးအကဲ မှီခိုသူအဖြစ်ရွေးယူ၏။ ထိုသူသည် အမှန်ပင် ဆုံးရှုံးပျက်စီးသူဖြစ်၏။ သူ၏ ဆုံးရှုံးခြင်း သည် ထင်ရှား၏။  | 
| Ghazi Mohammad Hashim ကျွန်တော်မျိုးသည် ယင်းသူတို့အား လမ်းမှားသို့လည်း မုချရောက်စေပါမည်။ ၎င်းပြင် ထိုသူတို့အား လိုချင်တပ်မက်ခြင်းကိုလည်း အမှန်ပင်ဖြစ်စေပါမည်။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ယင်းသူတို့အား ဧကန်စင်စစ် အမိန့်ပေးပါမည်။ သို့ဖြစ်လျှင် ထိုသူတို့သည် ခြေလေးချောင်းသတ္တဝါတို့၏ နားရွက်များကို ဖြတ်တောက်ကြလတ္တံ့။ ထိုနည်းတူစွာ ကျွန်တော်မျိုးသည် ၎င်းတို့အား အမိန့်ပေးပါမည်။ သို့အမိန့်ပေးလျှင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားတော်မူသော (နဂိုမူလ) ရုပ်လက္ခဏာကို ပြောင်းလဲကြလတ္တံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အစား ရှိုင်တွာန်ကို အဆွေခင်ပွန်းပြုလုပ်အံ့။ ထိုသူသည် မလွဲဧကန် အလွန်ထင်ရှားလှစွာ နစ်နာဆုံးရှုံးလတ္တံ့။  | 
| Hashim Tin Myint ၎င်းပြင် ကျွန်ုပ်သည် သူတို့အား လမ်းမှားကို အမှန်မုချ ရောက်အောင်လုပ်မည်။ ၎င်းပြင် သူတို့အား မက်မောမှု အမှန် ဖြစ်စေမည်။ ၎င်းပြင် ကျွန်ုပ်သည် သူတို့အား အမှန်စင်စစ် အမိန့်ပေးမည်။ သို့ဖြစ်လျှင် သူတို့သည် ခြေလေးချောင်းသတ္တဝါများ၏ နားရွက်များကို အမှန်ပင် ဖြတ်တောက်ကြလိမ့်မည်။* ၎င်းပြင် ကျွန်ုပ်သည် သူတို့အား အမှန်စင်စစ် အမိန့်ပေးမည်။ သို့ဖြစ်လျှင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ဖန်ဆင်းခံများ (၏သဘော သဘာဝ)ကို သူတို့သည် အမှန်ပင် ပြောင်းလဲပစ်ကြလိမ့်မည်။* ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အစား ရှိုင်သွာန်ကို အဆွေခင်ပွန်းပြုလုပ်လျှင် ထိုသူသည် အမှန်ပင် ထင်ရှားသော နစ်နာဆုံးရှုံးမှုကို ခံစားရမည်။  |