Quran with Burmese translation - Surah An-Nisa’ ayat 141 - النِّسَاء - Page - Juz 5
﴿ٱلَّذِينَ يَتَرَبَّصُونَ بِكُمۡ فَإِن كَانَ لَكُمۡ فَتۡحٞ مِّنَ ٱللَّهِ قَالُوٓاْ أَلَمۡ نَكُن مَّعَكُمۡ وَإِن كَانَ لِلۡكَٰفِرِينَ نَصِيبٞ قَالُوٓاْ أَلَمۡ نَسۡتَحۡوِذۡ عَلَيۡكُمۡ وَنَمۡنَعۡكُم مِّنَ ٱلۡمُؤۡمِنِينَۚ فَٱللَّهُ يَحۡكُمُ بَيۡنَكُمۡ يَوۡمَ ٱلۡقِيَٰمَةِۚ وَلَن يَجۡعَلَ ٱللَّهُ لِلۡكَٰفِرِينَ عَلَى ٱلۡمُؤۡمِنِينَ سَبِيلًا ﴾
[النِّسَاء: 141]
﴿الذين يتربصون بكم فإن كان لكم فتح من الله قالوا ألم نكن﴾ [النِّسَاء: 141]
Ba Sein ၁၄၁။ ထိုယုံကြည်ဟန်ဆောင်သူတို့သည် သင်တို့၏သတင်းကိုစောင့်၍ နားထောင်နေကြ၏။ သင်တို့အား အလ္လာဟ်အသျှင်မြတ်သည် စစ်ရေးသား၍ အောင်နိုင်ခြင်းနှင့် ချီးမြှင့်တော်မူပါလျှင် သူတို့က ကျွနု်ပ်တို့သည် သင်တို့ဘက်ကမဟုတ်ပါလော့ဟု ဆိုကြ၏။ အောင်မြင်ကြသောအခါ ထိုဟန်ဆောင် သူတို့သည် မိစ္ဆာဒိဌိတို့အား အကျွနု်ပ်တို့သည် သင်တို့ထက် မွန်မြတ်သည်မဟုတ်လော။ သင်တို့ကို ကာကွယ်စောင့်ရှောက်သည်မဟုတ်လောဟု ပြောကြ၏။ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏စပ်ကြားတွင် စစ်ကြောစီရင်တော်မူလိမ့်မည်။ အလ္လာဟ် အသျှင်မြတ်သည် အယူမှားသူတို့အား အယူမှန်ယုံကြည်သူတို့အား ဘယ်နည်းနှင့်မှ အောင်နိုင်နည်း ကို ပေးတော်ူမည်မဟုတ်ပေ။ |
Ghazi Mohammad Hashim အကြင် (‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် အသင်တို့ (၌သက်ရောက်မည့် ဘေးဒုက္ခများ) ကို စောင့်မျှော်နေကြ၏။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ‘ဇေယျ’ မင်္ဂလာ အောင်မြင်မှုကို ရရှိခဲ့ပါမူ ထိုသူတို့က “ငါတို့သည်လည်း အသင်တို့နှင့်အတူ ပါဝင် (ကူညီ) ခဲ့ကြသည် မဟုတ်လော” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အကယ်၍ ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့တွင် (အောင်နိုင်မှု) တစ်စိတ်တစ်ဒေသ ဖြစ်သွားပါမူ ၎င်းတို့သည် (ယင်းသူတို့ထံသွားရောက်ပြီးလျှင်) “ငါတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရာတွင်) အသင်တို့ကို အောင်နိုင်မည့်ဆဲဆဲ ဖြစ်ခဲ့ကြသည်မဟုတ်လော။ သို့ (အောင်နိုင်ခဲ့) ပါလျက် ငါတို့သည် အသင်တို့ကို (မွတ်စ်လင်မ်တို့၏ဘေးရန်တို့မှ လွတ်မြောက်ကြရန်) ကာကွယ်ခဲ့ကြသည် မဟုတ်ပါလော” ဟု ပြောဆိုကြပြန်သည်။ သို့ဖြစ်ရကား အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ နေ့တွင် အသင်တို့၏စပ်ကြား၌ စီရင်ဆုံးဖြတ်တော်မူအံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား မွတ်စ်လင်မ်တို့အပေါ်၌ (လွှမ်းမိုးနိုင်ရန်) မည်သည့် နည်းလမ်းကိုမျှ အလျင်းပေးတော်မူမည်မဟုတ်ချေ။ |
Hashim Tin Myint ထို(အယောင်ဆောင်)သူများသည် အသင်တို့(၌ ကျရောက်မည့်ဒုက္ခများ)ကို စောင့်မျှော်နေကြသည်။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အောင်မြင်မှုကို ရရှိခဲ့လျှင် သူတို့က “ငါတို့သည်လည်း အသင်တို့နှင့်အတူ ပါဝင်ခဲ့ကြသည် မဟုတ်လော“ဟု ပြောဆိုကြသည်။ ထို့နောက် အကယ်၍ အောင်မြင်မှုသည် ကာဖိရ်ငြင်းပယ်သူများအတွက်ဖြစ်သွားလျှင် သူတို့က (ကာဖိရ်များထံသွားပြီး ဤသို့)ပြောဆိုကြပြန်သည်- “အသင်တို့အပေါ် အောင်နိုင်တော့မည့်အခြေအနေတွင် ငါတို့သည် အသင်တို့အား မုအ်မင်န်များ၏(ဘေးရန်မှ လွတ်မြောက်ရန်)ကာကွယ်ခဲ့ကြသည် မဟုတ်လော။“ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် အသင်တို့ကြား၌ စီရင်ဆုံးဖြတ်တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများအား မွတ်စ်လင်မ်များအပေါ်တွင် (အောင်နိုင်ရန်) မည်သည့်လမ်းကြောင်းကိုမှ လုံးဝ ပေးတော်မမူပေ။ |