Quran with Burmese translation - Surah An-Nisa’ ayat 142 - النِّسَاء - Page - Juz 5
﴿إِنَّ ٱلۡمُنَٰفِقِينَ يُخَٰدِعُونَ ٱللَّهَ وَهُوَ خَٰدِعُهُمۡ وَإِذَا قَامُوٓاْ إِلَى ٱلصَّلَوٰةِ قَامُواْ كُسَالَىٰ يُرَآءُونَ ٱلنَّاسَ وَلَا يَذۡكُرُونَ ٱللَّهَ إِلَّا قَلِيلٗا ﴾
[النِّسَاء: 142]
﴿إن المنافقين يخادعون الله وهو خادعهم وإذا قاموا إلى الصلاة قاموا كسالى﴾ [النِّسَاء: 142]
Ba Sein ၁၄၂။ မှတ်သားကြလော့။ ယုံကြည်ဟန်ဆောင်သူတို့သည် အလ္လာဟ်အသျှင်မြတ်ကို လှည့်ဖြားရန် အားထုတ်ကြ၏။ သို့သော် အလ္လာဟ်အသျှင်မြတ်ကသာလျှင် သူတို့ကို လှည့်စားတော်မူ၏။ သူတို့သည် ဆွလာသ်ဝတ်ပြုသောအခါ စိတ်မပါဘဲ ပျင်းရိ၍ လူမြင်ကောင်းအောင်သာ ဝတ်ပြုကြပြီးလျှင် အလ္လာဟ်အသျှင်မြတ်အား အနည်းငယ်သာ အာရုံပြုကြ၏။ |
Ghazi Mohammad Hashim ဧကန်မလွဲ ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လိမ်လည်လှည့်ဖြားကြကုန်၏။ ထိုအရှင်မြတ်သည်လည်း ၎င်းတို့အား လှည့်ဖြားတောမူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ ၎င်းပြင် ထိုသူတို့သည် ‘ဆွလာဟ်’ ဝတ်ပြုရန် ရပ်ကြရာ၌လည်း ပျင်းရိစွာနှင့်၊ လူခပင်းတို့အား ပြစားရန်အတွက်သာလျှင် ရပ်ကြကုန်၏။ ထို့ပြင်တဝ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ကို အနည်းငယ်မျှ (လူကြားကောင်းအောင်) မှအပ အောက်မေ့တသကြသည်မဟုတ်ပေ။ |
Hashim Tin Myint အမှန်စင်စစ် မုနာဖိက်အယောင်ဆောင်မွတ်စ်လင်မ်များသည် အလ္လာဟ်အရှင်မြတ်အား လိမ်လည်လှည့်ဖြားကြသည်။* ၎င်းနောက် အရှင်မြတ်သည်လည်း သူတို့အား လှည့်ဖြားလျက်* ရှိတော်မူသည်။ ထု့ိပြင် သူတို့သည် စွလာသ်ဝတ်ပြုရန် ရပ်သောအခါ၌လည်း ပျင်းရိစွာဖြင့် လူများအား ပြစားရန်သာ ရပ်ကြသည်။ ထိုု့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မှလွဲ၍ သတိရ တသခြင်းမရှိကြပေ။ |