×

ကျမ်းရပုဂ္ဂိုလ်များက “သူတို့အပေါ် ကောင်းကင်ယံမှ ကျမ်းစာတစ်အုပ်ချမှတ်ပေးအပ်ရန်” အသင် (တမန်တော်) ကို တောင်းဆိုနေကြ၏။ (ထိုသို့ တောင်းဆိုနေခြင်းမှာ အသစ်အဆန်းမဟုတ်ပေ။) တမန်တော် 4:153 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:153) ayat 153 in Burmese

4:153 Surah An-Nisa’ ayat 153 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 153 - النِّسَاء - Page - Juz 6

﴿يَسۡـَٔلُكَ أَهۡلُ ٱلۡكِتَٰبِ أَن تُنَزِّلَ عَلَيۡهِمۡ كِتَٰبٗا مِّنَ ٱلسَّمَآءِۚ فَقَدۡ سَأَلُواْ مُوسَىٰٓ أَكۡبَرَ مِن ذَٰلِكَ فَقَالُوٓاْ أَرِنَا ٱللَّهَ جَهۡرَةٗ فَأَخَذَتۡهُمُ ٱلصَّٰعِقَةُ بِظُلۡمِهِمۡۚ ثُمَّ ٱتَّخَذُواْ ٱلۡعِجۡلَ مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ فَعَفَوۡنَا عَن ذَٰلِكَۚ وَءَاتَيۡنَا مُوسَىٰ سُلۡطَٰنٗا مُّبِينٗا ﴾
[النِّسَاء: 153]

ကျမ်းရပုဂ္ဂိုလ်များက “သူတို့အပေါ် ကောင်းကင်ယံမှ ကျမ်းစာတစ်အုပ်ချမှတ်ပေးအပ်ရန်” အသင် (တမန်တော်) ကို တောင်းဆိုနေကြ၏။ (ထိုသို့ တောင်းဆိုနေခြင်းမှာ အသစ်အဆန်းမဟုတ်ပေ။) တမန်တော် မူဆာကိုလည်း ထိုထက်မက ကြီးကျယ်သောအချက်များကို တောင်းဆိုခဲ့ကြပြီ ဖြစ်၏။ ထိုစဉ် သူတို့က “ကျွန်ုပ် တို့အား အလ္လာဟ်အရှင်မြတ်ကို မျက်ဝါးထင်ထင် မြင်စေလော့။” ဟု တောင်းဆိုခဲ့ကြ၏။ သို့ဖြစ်ပေရာ သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်တောင်းဆိုခဲ့မှုကြောင့် သူတို့အား (ခပ်အုပ်အုပ်မြည်ဟည်း သည့်) တော်လည်း မိုးခြိမ်းသံ ထိမှန်စေတော်မူ၏။ ထို့နောက် သူတို့ထံ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားစွာ ရောက်လာခဲ့ပြီးမှ သူတို့က နွားငယ်ကို အယူထား၍ ကိုးကွယ်ခဲ့ကြ၏။ ထိုသို့ ကျူးလွန်ခဲ့သော်လည်း ငါအရှင်မြတ်က ထိုပြစ်မှုကြီးမှ ကင်းလွတ်ခွင့် ပေးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် တမန်တော်မူဆာအား ထင်ရှားသော သက်သေနှင့်ဩဇာအာဏာ ပေးအပ်တော်မူခဲ့၏။

❮ Previous Next ❯

ترجمة: يسألك أهل الكتاب أن تنـزل عليهم كتابا من السماء فقد سألوا موسى, باللغة البورمية

﴿يسألك أهل الكتاب أن تنـزل عليهم كتابا من السماء فقد سألوا موسى﴾ [النِّسَاء: 153]

Hashim Tin Myint
ယခင်က ကျမ်းရသူ(ယဟူဒီ)များသည် သူတို့ထံသို့ ‌ကောင်းကင်မှ ကျမ်းတစ်‌စောင်ချ‌ပေးရန် အသင့်ထံတွင် ‌တောင်းဆိုကြသည်။ အမှန်မှာ သူတို့သည် ထို့ထက်ကြီးကျယ်‌သောကိစ္စကိုပင် (တမန်‌တော်)မူစာထံ၌ ‌တောင်းဆိုမှုပြုခဲ့ကြ‌သေးသည်။* သူတို့က (တမန်‌တော်မူစာ-အလိုင်ဟိ အား) အသင်သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်သခင်ကို အထင်အရှားပြသ‌ပေးပါဟု ‌ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့၏ကျူးလွန်မှု‌ကြောင့် သူတို့အား မိုးကြိုး‌လောင်မီးက ဖမ်းဆီး(သတ်ဖြတ်)ခဲ့သည်။ ထို့‌နောက် သူတို့ထံ ထင်ရှားသည့်သက်‌သေလက္ခများ ‌ရောက်လာပြီး‌နောက်၌ပင် နွားငယ်‌လေးကို (ကိုးကွယ်ရာအရှင်အဖြစ်) ပြုလုပ်(ကိုးကွယ်)ခဲ့ကြပြန်သည်။ သို့ပါလျက် ငါအရှင်မြတ်သည် ထိုပြစ်မှုကို ခွင်လွှတ်‌တော်မူခဲ့‌သေးသည်။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား ထင်ရှား‌သောဩဇာအာဏာ ‌ပေးသနား‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek