﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَأۡكُلُوٓاْ أَمۡوَٰلَكُم بَيۡنَكُم بِٱلۡبَٰطِلِ إِلَّآ أَن تَكُونَ تِجَٰرَةً عَن تَرَاضٖ مِّنكُمۡۚ وَلَا تَقۡتُلُوٓاْ أَنفُسَكُمۡۚ إِنَّ ٱللَّهَ كَانَ بِكُمۡ رَحِيمٗا ﴾
[النِّسَاء: 29]
အို၊ ယုံကြည်သူအပေါင်းတို့၊ အချင်းချင်းကြား နှစ်ဦးနှစ်ဘက် သဘောတူနှစ်သက်၍ လက်ခံနိုင်ဖွယ်ရာ ကုန်သွယ်စီးပွားနှင့်အရောင်အဝယ်လုပ်ခြင်းမှအပ သင်တို့အချင်းချင်း၏ပစ္စည်းဥစ္စာနှင့်ပိုင်ဆိုင်မှုများကို (ခိုးခြင်း၊ လိမ်လည်ခြင်း၊ အတိုး၊ ခေါင်းပုံဖြတ်မှုနှင့်အမြတ်ကြီးစားခြင်း၊ လောင်းကစားခြင်း စသည်တို့ဖြင့် လူသားဆန်မှုကို ရိုက်ချိုးရန် တရားတော်နှင့်ဆန့်ကျင်၍) မတရားသောနည်းလမ်းများဖြင့် မစားသုံးကြလေနှင့်။ ထို့ပြင် (အရှင်မြတ်က သင်တို့၏မျိုးရိုးဗီဇ၌ ထည့်ပေးတော်မူထားသော ပင်ကိုယ်စွမ်းရည်များကို အရှင့်စည်းမျဉ်းတော် နှင့်အညီမဟုတ်ဘဲ) သင်တို့၏စိတ်အလိုဆန္ဒအတိုင်း လိုက်နာစေခြင်းဖြင့် အချင်းချင်းကြား (ခိုက်ရန်ဖြစ်ပွား လျက်) တစ်ဦးကိုတစ်ဦး မနှိပ်ကွပ်၊ မသတ်ဖြတ်ကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သင်တို့ အကျိုးအတွက် လိုက်နာစရာ စည်းမျဉ်းတော်များနှင့်အမိန့်ညွှန်ကြားချက်များကို ချမှတ်ပေးအပ်တော်မူ၍) သင်တို့နှင့်အတူရှိတော်မူလျက် အစဉ်ကရုဏာထားတော်မူသော ကရုဏာရှင် ဖြစ်တော်မူ၏။
ترجمة: ياأيها الذين آمنوا لا تأكلوا أموالكم بينكم بالباطل إلا أن تكون تجارة, باللغة البورمية
﴿ياأيها الذين آمنوا لا تأكلوا أموالكم بينكم بالباطل إلا أن تكون تجارة﴾ [النِّسَاء: 29]