Quran with Burmese translation - Surah An-Nisa’ ayat 30 - النِّسَاء - Page - Juz 5
﴿وَمَن يَفۡعَلۡ ذَٰلِكَ عُدۡوَٰنٗا وَظُلۡمٗا فَسَوۡفَ نُصۡلِيهِ نَارٗاۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا ﴾
[النِّسَاء: 30]
﴿ومن يفعل ذلك عدوانا وظلما فسوف نصليه نارا وكان ذلك على الله﴾ [النِّسَاء: 30]
Ba Sein ၃ဝ။ အကြင်သူသည် ထိုအမှုကို မတရားကျူးလွန်စော်ကား၏။ ထိုသူအား ငါသည် ငရဲမီးထဲသို့ ပစ်သွင်း တော်မူလတ္တံ့။ ယင်းကိစ္စသည် အလ္လာဟ်အသျှင်မြတ်အတွက် အလွန်လွယ်ကူလှ၏။ |
Ghazi Mohammad Hashim သို့ရာတွင် အကြင်သူသည် ကျူးလွန်ခြင်းအားဖြင့်လည်းကောင်း၊ မတော်မတရား ညှဉ်းပန်း နှိပ်စက်ခြင်းအားဖြင့်လည်းကောင်း၊ ယင်းကဲ့သို့ ပြုလုပ်ပါမူ၊ ငါအရှင်မြတ်သည် ထိုသူအား မကြာမြင့်မီ ငရဲထဲသို့ ထည့်သွင်းတော်မူအံ့။ အမှန်သော်ကား ဤ (ကဲ့သို့ ထည့်သွင်းခြင်း) သည် အလ္လာဟ်အရှင်မြတ်အဖို့ လွယ်ကူသောအမှုပင် ဖြစ်ချေသည်။ |
Hashim Tin Myint ထို့ပြင် အကြင်သူသည် ကျူးလွန်သည့်အဖြစ်နှင့်သာမက မတရားနှိပ်စက်သည့်အဖြစ်နှင့် ထိုအရာကိုပြုလုပ်လျှင် ငါအရှင်မြတ်သည် ထိုသူကို မကြာမီ ငရဲမီးထဲသို့ သွတ်သွင်းတော်မူမည်။ ၎င်းပြင် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူသည်။ |