Quran with Burmese translation - Surah An-Nisa’ ayat 51 - النِّسَاء - Page - Juz 5
﴿أَلَمۡ تَرَ إِلَى ٱلَّذِينَ أُوتُواْ نَصِيبٗا مِّنَ ٱلۡكِتَٰبِ يُؤۡمِنُونَ بِٱلۡجِبۡتِ وَٱلطَّٰغُوتِ وَيَقُولُونَ لِلَّذِينَ كَفَرُواْ هَٰٓؤُلَآءِ أَهۡدَىٰ مِنَ ٱلَّذِينَ ءَامَنُواْ سَبِيلًا ﴾
[النِّسَاء: 51]
﴿ألم تر إلى الذين أوتوا نصيبا من الكتاب يؤمنون بالجبت والطاغوت ويقولون﴾ [النِّسَاء: 51]
Ba Sein ၅၁။ အို-တမန်တော် ကျမ်းတော်ကို (တစ်စိတ်တစ်ဒေသ)ရရှိသူတို့သည် ဆင်းတုများ၊ ဘုရားတုများကို ခဝပ်ကိုးကွယ်သည်ကိုသော်လည်းကောင်း၊ သူတို့က အယူဝါဒမှောက်မှားသူတို့သည် ယုံကြည်သူများ ထက် သလွန်မှန်ကန်သောနည်းလမ်း ညွှန်ပြချက်ကို ရရှိကြ၏ဟု ပြောဆိုသည်ကိုသော်လည်းကောင်း၊ သင်သိမြင်ပြီးပြီမဟုတ်လော။ |
Ghazi Mohammad Hashim (အို- နဗီ) အသင်သည် ကျမ်းဂန်အနက်မှ တစ်စိတ်တစ်ဒေသကို ရရှိခဲ့သူတို့ (၏ဖြစ်အင်) ကို မတွေ့ မမြင်ပါလေသလော။ ထိုသူတို့သည် ရုပ်ပွားဆင်းတုများကိုလည်းကောင်း၊ ရှိုင်တွာန်ကိုလည်းကောင်း ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူတို့က ကာဖိရ်များနှင့်စပ်လျဉ်း၍ ‘ဤသူများသည် မုအ်မင်န်များထက် ပိုမို၍ တရားလမ်းမှန်ရသောသူများ ဖြစ်ကြသည်’ ဟူ၍ ပြောဆိုကြ၏။ |
Hashim Tin Myint (သောင်ရာသ်)ကျမ်းဂန်ထဲမှ (ပညာ)တစ်စိတ်တစ်ဒေသ ရရှိခဲ့သူများအား အသင် မတွေ့မြင်ခဲ့လေသလော။* သူတို့သည် ရုပ်တုများနှင့် သွာဂူးသ်(အလ္လာဟ်မှအပ ကိုးကွယ်ခံရသောအရာ)ကို ယုံကြည်ကြသည်။ ၎င်းပြင် သူတို့သည် ကာဖိရ်များနှင့်ပတ်သက်၍ “ဤသူများသည် မွတ်စ်လင်မ်များထက်ပင်ပိုပြီး လမ်းမှန်ရသောသူများဖြစ်သည်“ဟု ပြောဆိုကြသည်။ |