﴿مَّن يَشۡفَعۡ شَفَٰعَةً حَسَنَةٗ يَكُن لَّهُۥ نَصِيبٞ مِّنۡهَاۖ وَمَن يَشۡفَعۡ شَفَٰعَةٗ سَيِّئَةٗ يَكُن لَّهُۥ كِفۡلٞ مِّنۡهَاۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٖ مُّقِيتٗا ﴾
[النِّسَاء: 85]
မည်သူမဆို လူသားတို့အကျိုးရှိပြီးကောင်းမြတ်သောရေးကိစ္စအတွက် ကြားဝင်စေ့စပ်ဖျန် ဖြေရန် ကူညီဆောင်ရွက်လျှင် သူ့အတွက် ယင်းကောင်းမြတ်သော ကြိုးပမ်းဆောင်ရွက်မှုမှ လောကီနှင့်တမလွန်ဘဝဆိုင်ရာ အကျိုးဆက်အဖြစ် ဝေစုသည် ရှိနေ၏။ အလားတူ မည်သူမဆို လူသားအကျိုးယုတ်ပြီး အပျက်သဘောဆောင်သည့် စနစ်ဆိုးများနှင့်မတရားဖိနှိပ်ချုပ်ချယ်မှု စသော မကောင်းသောအရေးကိစ္စကို အားပေးလျက် ကြားဝင်စေ့စပ်ဖျန်ဖြေရန်လိုလားလျှင် သူ့အတွက် (ယင်းမကောင်းသော ကြိုးပမ်းဆောင်ရွက်မှုမှ လောကီနှင့် တမလွန်ဘဝဆိုင်ရာ) အကျိုးဆက်အဖြစ် ဝေစုသည် ရှိနေ၏။ စင်စစ်သော်ကား၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များဖြည့်ဆည်းပေးတော်မူလျက်) အရာခပ်သိမ်းတို့ အပေါ် ဝယ် ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။
ترجمة: من يشفع شفاعة حسنة يكن له نصيب منها ومن يشفع شفاعة سيئة, باللغة البورمية
﴿من يشفع شفاعة حسنة يكن له نصيب منها ومن يشفع شفاعة سيئة﴾ [النِّسَاء: 85]