×

ထို့ပြင် ဖာရိုမင်း၏ဆွေမျိုးအသိုင်းအဝိုင်းအနက်မှ (အရှင်မြတ်ကို ဖြူစင်စွာယုံကြည်သော်လည်း ထိုအ ချိန်အထိ သူ့) ယုံကြည်မှုကို လျှို့ဝှက်ဖုံးကွယ်ထားခဲ့သော ပုဂ္ဂိုလ်တစ်ဦးက ''လူတစ်ဦးသည် ကျွန်ုပ်အား 40:28 Burmese translation

Quran infoBurmeseSurah Ghafir ⮕ (40:28) ayat 28 in Burmese

40:28 Surah Ghafir ayat 28 in Burmese (البورمية)

Quran with Burmese translation - Surah Ghafir ayat 28 - غَافِر - Page - Juz 24

﴿وَقَالَ رَجُلٞ مُّؤۡمِنٞ مِّنۡ ءَالِ فِرۡعَوۡنَ يَكۡتُمُ إِيمَٰنَهُۥٓ أَتَقۡتُلُونَ رَجُلًا أَن يَقُولَ رَبِّيَ ٱللَّهُ وَقَدۡ جَآءَكُم بِٱلۡبَيِّنَٰتِ مِن رَّبِّكُمۡۖ وَإِن يَكُ كَٰذِبٗا فَعَلَيۡهِ كَذِبُهُۥۖ وَإِن يَكُ صَادِقٗا يُصِبۡكُم بَعۡضُ ٱلَّذِي يَعِدُكُمۡۖ إِنَّ ٱللَّهَ لَا يَهۡدِي مَنۡ هُوَ مُسۡرِفٞ كَذَّابٞ ﴾
[غَافِر: 28]

ထို့ပြင် ဖာရိုမင်း၏ဆွေမျိုးအသိုင်းအဝိုင်းအနက်မှ (အရှင်မြတ်ကို ဖြူစင်စွာယုံကြည်သော်လည်း ထိုအ ချိန်အထိ သူ့) ယုံကြည်မှုကို လျှို့ဝှက်ဖုံးကွယ်ထားခဲ့သော ပုဂ္ဂိုလ်တစ်ဦးက ''လူတစ်ဦးသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။”ဟု ပြောဆိုခြင်းအပေါ်အခြေခံ၍ သူ့ကို သတ်ဖြတ်ကြမည်လော၊ အမှန်စင်စစ် သူသည် သင်တို့ထံ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ ကွက်ကွက်ကွင်းကွင်း မြင် သာထင်ရှားသော အထောက်အထားများပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရောက်လာခဲ့ခြင်းသာ ဖြစ်၏။ အကယ်၍ သူသည် လိမ်လည်သူတစ်ဦးဖြစ်လျှင် သူ့လိမ်လည်မှုသည် သူ့အပေါ်သာ မူတည်၏။ သို့ရာတွင် အကယ်၍ သူသည် ဖြောင့်မတ်မှန်ကန်သော သစ္စာဝါဒီဖြစ်လျှင် သူက (အရှင်မြတ်ကို ဖီဆန်သူအတွက် အရှင့်ထံတော်မှ ပြစ်ဒဏ်ရှိစေတော်မူမည်ဟု) သင်တို့အား ကြိုတင် ကတိပေးပြောကြားသည့်အချက်အချို့သည် သင်တို့အပေါ်၌ ထိခိုက်သက်ရောက်စေနိုင်၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်ချမှတ်ထားတော်မူသည့်) စည်းဘောင်ကို ကျူးလွန်၍ အလွဲသုံးစားပြုသော မုသားဝါဒီများကို တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: وقال رجل مؤمن من آل فرعون يكتم إيمانه أتقتلون رجلا أن يقول, باللغة البورمية

﴿وقال رجل مؤمن من آل فرعون يكتم إيمانه أتقتلون رجلا أن يقول﴾ [غَافِر: 28]

Ba Sein
၂၈။ ဖွာရောဘုရင်၏ သားချင်းဆွေမျိုးတို့အနက် ယုံကြည်သူတစ်ယောက်ရှိ၏၊ ထိုသူတော်ကောင်းသည် မိမိ၏ ယုံကြည်မှုကို လူမသိစေရန် လျှို့ဝှက်ထား၏၊ သူက အချင်းတို့၊ အကြင်သူသည် ငါ၏အသက်သခင်ကျေးဇူးရှင် သည် အလ္လာဟ်အရှင်မြတ်ပင်တည်းဟု ပြောဆိုရုံမျှနှင့် ထိုသူကို သင်တို့သည် သတ်ဖြတ်မည်ကြံသလော၊ ထိုသူသည် သင်တို့၏ အသက်သခင်ကျေးဇူးရှင်အထံတော်မှ ရှင်းလင်းထင်ရှားသောသက်သေသာဓကတော် များကို ဆောင်လာ၍ သင်တို့အား ပြသပြီး ဖြစ်ပါ၏၊ ထိုသူသည် မဟုတ်မမှန်လုပ်ကြံပြောဆိုအ့ံ၊ ထိုသူသည် သူ၏ မုသားကံ၏ အပြစ်ကို သူပင်လျှင် ခံစားရလတ့ံ၊ သို့မဟုတ် သူသည် ဖြောင့်မတ်မှန်ကန်သောစကားကို ဆိုပါအ့ံ၊ ထိုတမန်တော်ခြိမ်းခြောက်ဟောပြောသောအပြစ်ဒဏ်သည် သင်တို့ကို ထိလတ့ံ၊ အမှန်မှာ အလ္လာဟ် အရှင်မြတ်သည် တရားတော်ကို ကျူးလွန်၍ မုသားစကားဆိုသူအား မည်သည့်အခါမှ လမ်းညွှန်တော်မမူချေဟု ဆို၏။
Ghazi Mohammad Hashim
ထို့ပြင် "ဖစ်ရ်အောင်န်" ၏ ဆွေမျိုးသားချင်းတို့အနက်မှ မိမိ "အီမာန်" ယုံကြည်မှုကို လျှို့ဝှက်၍ ထားရှိလေသော "မုအ်မင်န်"ယောက်ျားတစ်ဦးက (ဤသို့)ပြောဆိုခဲ့လေ၏။ "အသင်တို့သည် လူတစ်ယောက်အား ထိုသူက ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်"ဟု ပြောဆိုမှုကြောင့် သတ်ဖြတ်ကြမည်လော။ အမှန်စင်စစ်သော်ကား ထိုသူသည် အသင်တို့ထံ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေအထောက်အထားများကိုလည်း ယူဆောင်လာခဲ့လေ၏။ စင်စစ်သော်ကား အကယ်၍သာ ထိုသူသည် မုသားဝါဒီဖြစ်မူ ထိုသူ၏မုသားဝါဒသည် ၎င်း၏အပေါ်၌သာ ကျရောက်ပေမည်။ သို့ရာတွင် အကယ်၍ ထိုသူသည် သစ္စာဝါဒီဖြစ်လျှင် အသင်တို့အား ထိုသူ ကြိုတင်ဗျာဒိတ်ပေးလျက်ရှိသည်တို့အနက် (ပြစ်ဒဏ်) တစိတ်တဒေသမှာ အသင်တို့၌ သက်ရောက်မည်ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သော လွန်စွာ မုသားပြောဆိုသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။
Hashim Tin Myint
ထို့ပြင် ဖိရ်‌အောင်န်၏‌ဆွေမျိုးများထဲမှ သူ၏အီမာန်ကို လျှို့ဝှက်ထား‌သော အီမာန်ရှင်တစ်ဦးက ‌ပြောဆိုခဲ့သည်၊ အသင်တို့သည် လူတစ်‌ယောက်အား ထိုသူက ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်ဟု ‌ပြောဆိုသည်နှင့် သတ်ဖြတ်ကြမည်‌လော။ ထို့ပြင် အမှန်စင်စစ် ၎င်းသည် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေအ‌ထောက်အထားများကိုလည်း ယူ‌ဆောင်လာခဲ့သည်။ ထို့ပြင် အကယ်၍ ၎င်းသည် လိမ်လည်သူဖြစ်လျှင် ၎င်း၏လိမ်လည်မှုသည် ၎င်း၏အ‌ပေါ်၌ပင် ကျ‌ရောက်မည်ဖြစ်သည်။ ထို့ပြင် အကယ်၍ ၎င်းသည် မှန်ကန်သည့်သူဖြစ်လျှင် အသင်တို့ကို ၎င်းကြိုတင်‌ပြောခဲ့‌သော (ပြစ်ဒဏ်)အချို့သည် အသင်တို့အ‌ပေါ်တွင် သက်‌ရောက်မည်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သည့်၊ အလွန်လိမ်လည်သည့်သူကို တရားလမ်းမှန် ညွှန်ကြားပြသ‌တော်မမူ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek