﴿تَدۡعُونَنِي لِأَكۡفُرَ بِٱللَّهِ وَأُشۡرِكَ بِهِۦ مَا لَيۡسَ لِي بِهِۦ عِلۡمٞ وَأَنَا۠ أَدۡعُوكُمۡ إِلَى ٱلۡعَزِيزِ ٱلۡغَفَّٰرِ ﴾
[غَافِر: 42]
သင်တို့သည် ကျွန်ုပ်အား “ကျွန်ုပ်က အလ္လာဟ်အရှင်မြတ်အား မယုံကြည်သွေဖည်ငြင်းပယ်၍ ကျေးဇူးကန်းရန်လည်းကောင်း၊ ကျွန်ုပ်၌ ယင်းနှင့်ပတ်သက်၍ မည်သည့်အသိပညာနှင့်သက်သေအထောက်အထား တစ်စုံတစ်ရာမျှမရှိသော အရာတို့ကို ကိုးကွယ်ရာအဖြစ်မှတ်ယူလျက် ထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ဆည်းကပ်ကွယ်ရန်လည်းကောင်း၊ ဖိတ်ခေါ်နေကြ၏။ အမှန်စင်စစ် ကျွန်ုပ်သည် သင်တို့အား မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသော အနှိုင်းမဲ့အရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ်သို့ပင် ဖိတ်ခေါ်နေခြင်း ဖြစ်၏။
ترجمة: تدعونني لأكفر بالله وأشرك به ما ليس لي به علم وأنا أدعوكم, باللغة البورمية
﴿تدعونني لأكفر بالله وأشرك به ما ليس لي به علم وأنا أدعوكم﴾ [غَافِر: 42]
Ba Sein ၄၂။ သင်တို့ကား ငါ့အား အလ္လာဟ်အရှင်မြတ်ကို မယုံကြည်ရန်နှင့် ငါမသိသောသူများကို အရှင်မြတ်နှင့်တန်းတူ တွဲဖက်ရန် သွေးဆောင်ကြ၏၊ သို့သော်ငါမူကား သင်တို့အား အနန္တတန်ခိုးတော်အရှင်၊ အဖန်တလဲလဲ အပြစ် လွှတ်တော်မူသောသခင်ဘက်တော်သို့ ခေါ်ငင်၏။ |