Quran with Burmese translation - Surah Ghafir ayat 47 - غَافِر - Page - Juz 24
﴿وَإِذۡ يَتَحَآجُّونَ فِي ٱلنَّارِ فَيَقُولُ ٱلضُّعَفَٰٓؤُاْ لِلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا كُنَّا لَكُمۡ تَبَعٗا فَهَلۡ أَنتُم مُّغۡنُونَ عَنَّا نَصِيبٗا مِّنَ ٱلنَّارِ ﴾
[غَافِر: 47]
﴿وإذ يتحاجون في النار فيقول الضعفاء للذين استكبروا إنا كنا لكم تبعا﴾ [غَافِر: 47]
Ba Sein ၄၇။ သူတို့သည် ငရဲမီးအတွင်း၌ တစ်ဦးနှင့်တစ်ဦး အခြေအတင်အငြင်းအခုံပြုကြလတ့ံ၊ အင်အားနည်းပါး၍ နောက် လိုက်ဖြစ်သောသူများက မာန်မာနထောင်လွှားသောခေါင်းဆောင်များအား အကျွနု်ပ်တို့သည် သင်တို့နောက် သို့သာ လိုက်ခဲ့ရ၏၊ ထို့ကြောင့်သင်တို့သည် အကျွနု်ပ်တို့ထံမှ ငရဲမီးအချို့အဝက်ကို ဝေစုခံယူနိုင်ပါသလောဟု မေးမြန်းကြလတ့ံ။ |
Ghazi Mohammad Hashim ထို့ပြင် ပြန်လည်သတိရပါလေ။ ၎င်းတို့သည် ငရဲမီး၌ အငြင်းအခုံပြုလုပ်ကြသောအခါဝယ် အောက်လက်ငယ်သားတို့က အကြီးအကဲတို့အား "ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့၏ နောက်လိုက်များပင် ဖြစ်ခဲ့ကြပေရာ၊ အသင်တို့သည် ကျွန်ုပ်တို့မှ ငရဲမီးတစ်စိတ်တစ်ဒေသကို ဖယ်ရှားပေးနိုင်ကြလေသလော" ဟုပြောဆိုကြပေမည်။ |
Hashim Tin Myint ထို့ပြင် တစ်ခါက သူတို့သည် ငရဲမီးထဲတွင် အငြင်းအခုံပြုလုပ်ကြသည့်အခါ လက်အောက်ငယ်သားများက အကြီးအကဲများအား “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့၏နောက်လိုက်များပင် ဖြစ်ခဲ့သည့်အတွက် အသင်တို့သည် ကျွန်ုပ်တို့ထံမှ ငရဲမီးအချို့ ဖယ်ရှားပေးနိုင်ကြသလော“ဟု ပြောဆိုကြမည်။ |