Quran with Burmese translation - Surah Ghafir ayat 48 - غَافِر - Page - Juz 24
﴿قَالَ ٱلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا كُلّٞ فِيهَآ إِنَّ ٱللَّهَ قَدۡ حَكَمَ بَيۡنَ ٱلۡعِبَادِ ﴾
[غَافِر: 48]
﴿قال الذين استكبروا إنا كل فيها إن الله قد حكم بين العباد﴾ [غَافِر: 48]
Ba Sein ၄၈။ မာနကြီးခဲ့သူများက ငါတို့အားလုံးသည် ဤငရဲမီးတွင် ဆင်းရဲဒုက္ခခံနေကြရ၏၊ အမှန်စင်စစ် အလ္လာဟ်အရှင် မြတ်သည် မိမိကျေးကျွန်တို့စပ်ကြားတွင် စစ်ကြောစီရင်တော်မူပြီဟု ဆိုကြလတ့ံ။ |
Ghazi Mohammad Hashim (ထိုအခါ) အကြီးအကဲတို့က "ဧကန်စင်စစ် ကျွန်ုပ်တို့အားလုံးတို့သည်ပင် ယင်းငရဲမီး၌ ရှိနေကြကုန်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်တို့၏အကြားဝယ် (ယတိပြတ်)စီရင်ဆုံးဖြတ်တော် မူလိုက်လေပြီ" ဟု ပြောဆိုဖြေကြားကြပေမည်။ |
Hashim Tin Myint အကြီးအကဲတို့က “အမှန်စင်စစ် ကျွန်ုပ်တို့အားလုံးသည် ဤငရဲမီးထဲ၌ပင် ရှိနေကြသည်ပင်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များကြားတွင် အမှန်ပင် စီရင်ဆုံးဖြတ်တော်မူလိုက်ပြီဖြစ်သည်“ဟု ပြောဆိုကြမည်။ |