Quran with Burmese translation - Surah Fussilat ayat 15 - فُصِّلَت - Page - Juz 24
﴿فَأَمَّا عَادٞ فَٱسۡتَكۡبَرُواْ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَقَالُواْ مَنۡ أَشَدُّ مِنَّا قُوَّةًۖ أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ ٱلَّذِي خَلَقَهُمۡ هُوَ أَشَدُّ مِنۡهُمۡ قُوَّةٗۖ وَكَانُواْ بِـَٔايَٰتِنَا يَجۡحَدُونَ ﴾
[فُصِّلَت: 15]
﴿فأما عاد فاستكبروا في الأرض بغير الحق وقالوا من أشد منا قوة﴾ [فُصِّلَت: 15]
Ba Sein ၁၅။ (အားဒ်)အသင်းသားတို့သည် မြေပေါ်၌ မတရားမောက်မာပလွှား၍ ဤလောကတွင် ငါတို့ထက် ခွန်အားဗလ စွမ်းရည်သတ္တိသာလွန်သူ အဘယ်မှာရှိသနည်းဟု ပြောလေ့ရှိ၏၊ သူတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟ် သည် သူတို့ထက် သာလွန်၍ ခွန်အားဗလရှိတော်မူသည်ကို သူတို့မမြင်ကြသလော၊ သူတို့သည် ငါအရှင်မြတ်၏ ကျမ်းတော်များကို ငြင်းပယ်ဖီဆန်ကြကုန်၏။ |
Ghazi Mohammad Hashim မည်သို့ပင်ဖြစ်စေ၊ အာဒ် အမျိုးသားတို့မှာမူကား တိုင်းပြည်တွင် မတရားသဖြင့် ဘဝင်မြင့်မောက်မာပလွှားခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့က ကျွန်ုပ်တို့ထက် သူရသတ္တိခွန်အားဗလကြီးမားသူ မည်သူရှိသနည်းဟု ပြောဆို(ဝင့်ကြွား)ခဲ့ကြကုန်၏။ ဧကန်မလွဲ ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့သောအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ထက် ခွန်အားဗလ ကြီးမားတော်မူသည်ကို ၎င်းတို့သည် မဆင်ခြင်မစဉ်းစား မမြင်ခဲ့ကြလေသလော။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို ငြင်းပယ်လျက်ပင် ရှိခဲ့ကြကုန်၏။ |
Hashim Tin Myint မည်သို့ပင်ဖြစ်စေ၊ အာဒ်အမျိုးသားများကမူ တိုင်းပြည်တွင် မတရားမာနထောင်ခဲ့ကြသည်။ ထို့ပြင် သူတို့က ကျွုန်ုပ်တို့ထက် အင်အားကြီးသည့်သူ မည်သူရှိဦးမည်နည်းဟု ပြောဆိုခဲ့ကြသည်။ အမှန်စင်စစ် သူတို့အား ဖန်ဆင်းတော်မူခဲ့သော အလ္လာဟ်အရှင်မြတ်သည် သူတို့ထက် အင်အားကြီးတော်မူသည်ကို သူတို့သည် မစဉ်းစားမသိမြင်ခဲ့ကြသလော။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ သက်သေသာဓကများကို ငြင်းပယ်နေခဲ့ကြသည်။ |