Quran with Burmese translation - Surah Fussilat ayat 16 - فُصِّلَت - Page - Juz 24
﴿فَأَرۡسَلۡنَا عَلَيۡهِمۡ رِيحٗا صَرۡصَرٗا فِيٓ أَيَّامٖ نَّحِسَاتٖ لِّنُذِيقَهُمۡ عَذَابَ ٱلۡخِزۡيِ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَخۡزَىٰۖ وَهُمۡ لَا يُنصَرُونَ ﴾
[فُصِّلَت: 16]
﴿فأرسلنا عليهم ريحا صرصرا في أيام نحسات لنذيقهم عذاب الخزي في الحياة﴾ [فُصِّلَت: 16]
Ba Sein ၁၆။ ထို့ကြောင့်ငါသည် မင်္ဂလာမရှိသောနေ့များတွင် အလွန်သည်းထန်သောလေပြင်းမုန်တိုင်းကို လာစေတော်မူလိုက် ၏၊ သို့လာစေတော်မူခြင်းကား ငါသည် သူတို့အား ဤလောကတွင် အသက်ရှင်နေစဉ်အခါ အရှက်ကွဲခြင်း အပြစ်ဒဏ်ကို မြည်းစေရန်ဖြစ်၏၊ သို့သော်တမလွန်ဘဝတွင် တွေ့ရမည့်အပြစ်ဒဏ်သည် သာလွန်အရှက်ကွဲရာ ဖြစ်လတ့ံ၊ ထိုအခါသူတို့သည် စောင်မခြင်းခံရမည်မဟုတ်ချေ။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (4င်းတို့အဖို့)ကျက်သရေမင်္ဂလာကင်းမဲ့သောနေ့ရက်များတွင် ကြမ်းတန်းလှစွာသောလေမုန်တိုင်းကို ၎င်းတို့အပေါ်၌ စေလွှတ်တော်မူခဲ့၏။ (ယင်းသို့လေမုန် တိုင်းကို စေလွှတ်တော်မူခြင်းမှာ) ငါအရှင်မြတ်သည် ၎င်းတို့အား ဤမျက်မှောက်လောကီဘဝ၌ပင်ဂုဏ်အသရေနိမ့်ကျစေသော ပြစ်ဒဏ်ကို မြည်း စမ်းစေတော်မူအံ့သောငှာ(စေလွှတ်တော်မူခြင်း)ဖြစ်၏။ ထို့ပြင် အာခိရတ်တမလွန်ဘဝ၏ပြစ်ဒဏ်မှာ သာ၍ပင် ဂုဏ်အသရေနိမ့်ကျစေသော ပြစ်ဒဏ်ဖြစ်မည်။ ထိုအခါ ၎င်းတို့မှာ ကူညီစောင်မခြင်း ခံကြရမည်လည်း မဟုတ်ပေ။ |
Hashim Tin Myint သို့ဖြစ်ရာ ငါအရှင်မြတ်သည် မဂင်္လာမရှိသည့်နေ့ရက်များ ###၃ ၌ ပြင်းထန်သော လေမုန်တိုင်းကို သူတို့အပေါ်တွင် စေလွှတ်တော်မူခဲ့သည်။ ငါအရှင်မြတ်သည် သူတို့အား ဤဘဝတွင်လည်း သေးသိမ်စေသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူရန်အတွက် (စေလွှတ်တော်မူခဲ့ခြင်း)ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏ပြစ်ဒဏ်သည် ပို၍သေးသိမ်စေသောပြစ်ဒဏ်ဖြစ်မည်။ ထို့ပြင် သူတို့သည် ကူညီခြင်းခံကြရမည်လည်းမဟုတ်ပေ။ |