×

(အာဒ်နှင့်ဆမူဒ်လူမျိုးဖြစ်ကြသော) ရစူလ်တမန်တော်များသည် သူတို့ထံသို့ သူတို့၏ရှေ့မျိုးဆက်မှ လည်းကောင်း၊ သူတို့နောက်မျိုးဆက်မှလည်းကောင်း၊ (သူတို့အား သွန်သင်ရန် ထင်ရှားမြင်သာသောသက်သေ လက္ခဏာတော်နှင့်တကွ နည်းမျိုးစုံဖြင့် ချဉ်းကပ်လျက်) 41:14 Burmese translation

Quran infoBurmeseSurah Fussilat ⮕ (41:14) ayat 14 in Burmese

41:14 Surah Fussilat ayat 14 in Burmese (البورمية)

Quran with Burmese translation - Surah Fussilat ayat 14 - فُصِّلَت - Page - Juz 24

﴿إِذۡ جَآءَتۡهُمُ ٱلرُّسُلُ مِنۢ بَيۡنِ أَيۡدِيهِمۡ وَمِنۡ خَلۡفِهِمۡ أَلَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۖ قَالُواْ لَوۡ شَآءَ رَبُّنَا لَأَنزَلَ مَلَٰٓئِكَةٗ فَإِنَّا بِمَآ أُرۡسِلۡتُم بِهِۦ كَٰفِرُونَ ﴾
[فُصِّلَت: 14]

(အာဒ်နှင့်ဆမူဒ်လူမျိုးဖြစ်ကြသော) ရစူလ်တမန်တော်များသည် သူတို့ထံသို့ သူတို့၏ရှေ့မျိုးဆက်မှ လည်းကောင်း၊ သူတို့နောက်မျိုးဆက်မှလည်းကောင်း၊ (သူတို့အား သွန်သင်ရန် ထင်ရှားမြင်သာသောသက်သေ လက္ခဏာတော်နှင့်တကွ နည်းမျိုးစုံဖြင့် ချဉ်းကပ်လျက်) ရောက်ရှိလာပြီးလျှင် ''အလ္လာဟ်အရှင်မြတ်မှအပ အခြား မည်သည့်တစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြလေနှင့်။” (ဟု ဟောကြားသည့်အခါ) သူတို့က ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေ​တော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူပါလျှင် အမှန်ပင်၊ မလာအီကာကောင်းကင်စေတမန်များကို အမှန်ပင် စေလွှတ်တော်မူခဲ့မည်ဖြစ်ပေရာ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် သင်တို့နှင့်အတူ စေလွှတ်စေပါးခြင်း ခံရသောအရာ (အမိန့်ပညတ်ချက်များ) ကို မယုံကြည်ဖီဆန်ငြင်းပယ်သူများ ဖြစ်ကြ၏။” ဟု ပြောဆိုခဲ့ကြ၏။

❮ Previous Next ❯

ترجمة: إذ جاءتهم الرسل من بين أيديهم ومن خلفهم ألا تعبدوا إلا الله, باللغة البورمية

﴿إذ جاءتهم الرسل من بين أيديهم ومن خلفهم ألا تعبدوا إلا الله﴾ [فُصِّلَت: 14]

Ba Sein
၁၄။ ရှေးလူဟောင်းမိစ္ဆာဝါဒီထံ သူတို့၏တမန်တော်များသည် သူတို့၏ရှေ့နောက်ဝဲယာက လာ၍ ''ဟယ်-အချင်းတို့၊ သင်တုုိ့သည် အလ္လာဟ်အရှင်မြတ်မှတပါး မည်သည့်တစ်စုံတစ်ရာကိုမျှ မခဝပ်မကိုးကွယ်ကြကုန်လင့်''ဟု ဟောပြောသောအခါ သူတို့က အကျွနု်ပ်တို့၏ အရှင်သခင်အလိုတော်ရှိပါလျှင် အရှင်မြတ်သည် မုချဧကန် ကောင်းကင်တမန်များကိုသာ စေလွှတ်တော်မူလ့ံ၊ သင်တို့အား တမန်တော်အဖြစ် စေလွှတ်တော်မူသည်ဟု အကျွနု်ပ်တို့လုံးဝမယုံကြည်ဟု ပြန်ပြောကြ၏။
Ghazi Mohammad Hashim
အကြင်အခါဝယ် ၎င်း(အာဒ်နှင့်ဆမူဒ်အမျိုးသား)တို့ထံ ၎င်းတို့၏ရှေ့နောက်(ဝဲယာ)မှ ရစူလ်တမန်တော်များ ရောက်ရှိလာပြီးလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်နှင့်(ဟု ဟောကြားခဲ့ကြကုန်၏။) (ထိုအခါ)၎င်းတို့က ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အမှန်ပင် မလာအိကဟ် ကောင်းကင်တမန်များအား စေလွှတ်တော်မူခဲ့ပေမည်။သို့ဖြစ်ပေရာ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့(ပေး၍)စေလွှတ်ခြင်းခံခဲ့ရသော အကြောင်းအရာတို့ကို ငြင်းပယ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။
Hashim Tin Myint
ထိုစဉ်က ထိုသူများထံသို့ သူတို့၏ ‌ရှေ့‌နောက်မှ တမန်‌တော်များ ‌ရောက်ရှိလာပြီး အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သူ့ကိုမျှမကိုးကွယ်ကြနှင့်(ဟု ‌ပြောဆိုခဲ့ကြသည်။ ထိုအခါ)သူတို့က ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် အမှန်ပင် ‌ကောင်းကင်တမန်များကို ‌စေလွှတ်‌တော်မူမည်ဖြစ်သည်။ သို့ဖြစ်ရာ အမှန်စင်စစ် ကျွန်ုပ်တို့သည်အသင်တို့ ‌စေလွှတ်ခြင်းခံခဲ့ရ‌သော အ‌ကြောင်းအရာများကို ငြင်းပယ်ကြသည်ဟု ‌ပြောဆိုခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek