×

ထို့ပြင် ထိုအရှင်မြတ်သည်ပင် လူတို့မျှော်လင့်ချက်ကင်းခဲ့ကြသည့်နောက်တွင် (အသုံးဝင်သော နည်းလမ်းမျိုးစုံဖြင့် ကယ်တင်တော်မူရန်) မိုးရေကို ရွာသွန်းစေတော်မူ၏။ ထို့ပြင် အရှင့်ကရုဏာတော်ကို ပြန့်ပွားပျံ့နှံ့ စေတော်မူ၏။ 42:28 Burmese translation

Quran infoBurmeseSurah Ash-Shura ⮕ (42:28) ayat 28 in Burmese

42:28 Surah Ash-Shura ayat 28 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shura ayat 28 - الشُّوري - Page - Juz 25

﴿وَهُوَ ٱلَّذِي يُنَزِّلُ ٱلۡغَيۡثَ مِنۢ بَعۡدِ مَا قَنَطُواْ وَيَنشُرُ رَحۡمَتَهُۥۚ وَهُوَ ٱلۡوَلِيُّ ٱلۡحَمِيدُ ﴾
[الشُّوري: 28]

ထို့ပြင် ထိုအရှင်မြတ်သည်ပင် လူတို့မျှော်လင့်ချက်ကင်းခဲ့ကြသည့်နောက်တွင် (အသုံးဝင်သော နည်းလမ်းမျိုးစုံဖြင့် ကယ်တင်တော်မူရန်) မိုးရေကို ရွာသွန်းစေတော်မူ၏။ ထို့ပြင် အရှင့်ကရုဏာတော်ကို ပြန့်ပွားပျံ့နှံ့ စေတော်မူ၏။ စင်စစ်မှာကား ထိုအရှင်မြတ်သည် (ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်စေတော်မူလျက်) ကာကွယ်စောင့်ရှောက်တော်မူသောအရှင်၊ ချီးမွမ်းထိုက်သည့်ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وهو الذي ينـزل الغيث من بعد ما قنطوا وينشر رحمته وهو الولي, باللغة البورمية

﴿وهو الذي ينـزل الغيث من بعد ما قنطوا وينشر رحمته وهو الولي﴾ [الشُّوري: 28]

Ba Sein
၂၈။ အရှင်မြတ်သည် လူသားတို့ မိုးမြေကို မမျှော်လင့် လက်မှိုင်ချနေသောအခါ မိုးရွာသွန်းစေတော်မူ၍ ကောင်းကြီး မင်္ဂလာတော်ကို အနှံ့အပြားကြဲဖြန့်သနားတော်မူ၏၊ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာကွယ်စောင့်ရှောက် တော်မူသောအရှင်၊ ချီးမွမ်းခြင်းတည်ရာဖြစ်တော်မူသောအရှင်တည်း။
Hashim Tin Myint
ထို့ပြင် အရှင်မြတ်ကပင် လူတို့‌မျှော်လင့်ချက်ကင်းမဲ့ကြပြီးသည့်‌နောက်ပိုင်းတွင် မိုး‌ရေကိုရွာသွန်း‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်၏ကရုဏာ‌တော်ကို ဖြန့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌တော်မူ‌သော အ‌ဆွေ‌တော်ဖြစ်‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek