×

ထို့ပြင် ထိုအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်တို့အနက်မှ မိုးကောင်းကင်များနှင့် မြေကမ္ဘာကို ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းသည်လည်းကောင်း၊ ယင်းတို့နှစ်ခုလုံး၌ လှုပ်ရှားသွားလာသည့် သက်ရှိအ ပေါင်းတို့အား နေရာအနှံ့ ပျံ့နှံ့တိုးပွားစေတော်မူခြင်းသည်လည်းကောင်း ပါဝင်၏။ 42:29 Burmese translation

Quran infoBurmeseSurah Ash-Shura ⮕ (42:29) ayat 29 in Burmese

42:29 Surah Ash-Shura ayat 29 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shura ayat 29 - الشُّوري - Page - Juz 25

﴿وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَثَّ فِيهِمَا مِن دَآبَّةٖۚ وَهُوَ عَلَىٰ جَمۡعِهِمۡ إِذَا يَشَآءُ قَدِيرٞ ﴾
[الشُّوري: 29]

ထို့ပြင် ထိုအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်တို့အနက်မှ မိုးကောင်းကင်များနှင့် မြေကမ္ဘာကို ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းသည်လည်းကောင်း၊ ယင်းတို့နှစ်ခုလုံး၌ လှုပ်ရှားသွားလာသည့် သက်ရှိအ ပေါင်းတို့အား နေရာအနှံ့ ပျံ့နှံ့တိုးပွားစေတော်မူခြင်းသည်လည်းကောင်း ပါဝင်၏။ ထို့ပြင် ထိုအရှင်မြတ်သည် အရှင့် ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအခါ သူတို့အား စုရုံးစေတော်မူခြင်းအပေါ် တန်ခိုးစွမ်းအား အလုံးစုံနှင့်ပြည့်စုံတော်မူ၍ အကြွင်းမဲ့ စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ومن آياته خلق السموات والأرض وما بث فيهما من دابة وهو على, باللغة البورمية

﴿ومن آياته خلق السموات والأرض وما بث فيهما من دابة وهو على﴾ [الشُّوري: 29]

Ba Sein
၂၉။ အလ္လာဟ်အရှင်မြတ်၏ သာဓကတော်များအနက် အချို့သောသာဓကတော်များမှာ မိုးမြေကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်တွင် လှုပ်လှုပ်ရွရွသွားလာကြနေကုန်သောသက်ရှိသတ္တဝါတို့ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူ ခြင်းဖြစ်၏၊ အရှင်မြတ်သည် အလိုတော်ရှိသောသတ္တဝါတို့ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခြင်းဖြစ်၏၊ အရှင် မြတ်သည် အလိုတော်ရှိသောအခါ သတ္တဝါအပေါင်းတို့ကို စုဆောင်းခြင်းငှာပြုစွမ်းနိုင်တော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့အနက် အပါအဝင်ဖြစ်၏။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ယင်း မိုးကောင်းကင်များနှင့်ပထဝီမြေနှစ်ခုလုံး၌ ဖြန့်ထား တော်မူသော သက်ရှိအပေါင်းတို့အား ဖန်ဆင်းတော် မူခြင်းသည်လည်းကောင်း၊ ထိုမှတစ်ပါးထိုအရှင်မြတ် သည် မိမိအလိုရှိတော်မူသောအခါ ၎င်းတို့အားစုရုံး ခြင်းကိုလည်းကောင်း၊ ပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။
Hashim Tin Myint
ထို့ပြင် အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲတွင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူခြင်း၊ ထို့ပြင် ထိုနှစ်ခုထဲတွင် ပြန့်ပွား‌စေ‌တော်မူထား‌သော သတ္တဝါများကို ဖန်ဆင်း‌တော်မူခြင်းလည်းပါဝင်သည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည့်အခါ ထိုသတ္တဝါများ၏စုရုံးမှုကို အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek