Quran with Burmese translation - Surah Ash-Shura ayat 29 - الشُّوري - Page - Juz 25
﴿وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَثَّ فِيهِمَا مِن دَآبَّةٖۚ وَهُوَ عَلَىٰ جَمۡعِهِمۡ إِذَا يَشَآءُ قَدِيرٞ ﴾
[الشُّوري: 29]
﴿ومن آياته خلق السموات والأرض وما بث فيهما من دابة وهو على﴾ [الشُّوري: 29]
| Ba Sein ၂၉။ အလ္လာဟ်အရှင်မြတ်၏ သာဓကတော်များအနက် အချို့သောသာဓကတော်များမှာ မိုးမြေကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်တွင် လှုပ်လှုပ်ရွရွသွားလာကြနေကုန်သောသက်ရှိသတ္တဝါတို့ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူ ခြင်းဖြစ်၏၊ အရှင်မြတ်သည် အလိုတော်ရှိသောသတ္တဝါတို့ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခြင်းဖြစ်၏၊ အရှင် မြတ်သည် အလိုတော်ရှိသောအခါ သတ္တဝါအပေါင်းတို့ကို စုဆောင်းခြင်းငှာပြုစွမ်းနိုင်တော်မူ၏။ |
| Hashim Tin Myint ထို့ပြင် အရှင်မြတ်၏ သက်သေလက္ခဏာများထဲတွင် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူခြင်း၊ ထို့ပြင် ထိုနှစ်ခုထဲတွင် ပြန့်ပွားစေတော်မူထားသော သတ္တဝါများကို ဖန်ဆင်းတော်မူခြင်းလည်းပါဝင်သည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသည့်အခါ ထိုသတ္တဝါများ၏စုရုံးမှုကို အလွန်တတ်စွမ်းနိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ |