×

(အို၊ လူသားတို့) သင်တို့ထံ ဖြစ်ပျက်ရောက်ရှိသော အကျိုးယုတ်စေသည့် အကုသိုလ်ဘေးဒုက္ခဟူသမျှ သည် သင်တို့၏လက်များက ရှာမှီးဆည်းပူးခဲ့ကြသော ပြုမူကျင့်ကြံမှုတို့ကြောင့်ပင် ဖြစ်သော်လည်း ထိုအရှင် 42:30 Burmese translation

Quran infoBurmeseSurah Ash-Shura ⮕ (42:30) ayat 30 in Burmese

42:30 Surah Ash-Shura ayat 30 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shura ayat 30 - الشُّوري - Page - Juz 25

﴿وَمَآ أَصَٰبَكُم مِّن مُّصِيبَةٖ فَبِمَا كَسَبَتۡ أَيۡدِيكُمۡ وَيَعۡفُواْ عَن كَثِيرٖ ﴾
[الشُّوري: 30]

(အို၊ လူသားတို့) သင်တို့ထံ ဖြစ်ပျက်ရောက်ရှိသော အကျိုးယုတ်စေသည့် အကုသိုလ်ဘေးဒုက္ခဟူသမျှ သည် သင်တို့၏လက်များက ရှာမှီးဆည်းပူးခဲ့ကြသော ပြုမူကျင့်ကြံမှုတို့ကြောင့်ပင် ဖြစ်သော်လည်း ထိုအရှင် မြတ်သည် များစွာသော မှားယွင်းချွတ်ချော်မှုများကိုမူကား ဥပေက္ခာပြု၍ ခွင့်လွှတ်တော်မူ၏။

❮ Previous Next ❯

ترجمة: وما أصابكم من مصيبة فبما كسبت أيديكم ويعفو عن كثير, باللغة البورمية

﴿وما أصابكم من مصيبة فبما كسبت أيديكم ويعفو عن كثير﴾ [الشُّوري: 30]

Ba Sein
၃ဝ။ သင်တို့ထံ ဆိုက်ရောက်လာသော ဘေးအန္တရာယ်တိုင်းသည် သင်တို့၏ လက်ဖြင့် ပြုကျင့်သောဒုစရိုက်မကောင်းမှု ၏ အကျိုးဆက်သာဖြစ်၏၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ အပြစ်များအနက် များလှစွာသောအပြစ်များကို ခွင့်လွှတ်တော်မူ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား အသင်တို့၌ သက်ရောက်လေ့ရှိသော ဘေးဒုက္ခဟူသရွေ့သည် အသင်တို့၏လက်များကဆည်းပူးခဲ့ကြသော အပြုအမူတို့ကြောင့်ပင် သက်ရောက်ခဲ့သည်သာ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် များစွာသောပြစ်မှုများကိုမူကား ခွင့်လွှတ်တော်မူ၏။
Hashim Tin Myint
ထို့ပြင် အသင်တို့တွင် ကျ‌ရောက်‌သော ဒုက္ခဟူသမျှသည် အသင်တို့၏ လက်များက ဆည်းပူးခဲ့ကြ‌သောလုပ်ရပ်များ‌ကြောင့်ပင် ကျ‌ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ပြစ်မှုများစွာကို ခွင့်လွှတ်‌တော်မူသည်။ ###၁၂
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek