×

စင်စစ်သော်ကား မကောင်းမှုအကုသိုလ်သည် (အကျိုးဆက်အဖြစ်) အလားတူ မကောင်းမှု အကုသိုလ်ကိုသာ ပေးဆပ်စေ၏။ သို့သော် မည်သူမဆို (မတရားထိခိုက်နစ်နာစေသည့် ရန်သူကို) ခွင့်လွှတ်ပြီး 42:40 Burmese translation

Quran infoBurmeseSurah Ash-Shura ⮕ (42:40) ayat 40 in Burmese

42:40 Surah Ash-Shura ayat 40 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shura ayat 40 - الشُّوري - Page - Juz 25

﴿وَجَزَٰٓؤُاْ سَيِّئَةٖ سَيِّئَةٞ مِّثۡلُهَاۖ فَمَنۡ عَفَا وَأَصۡلَحَ فَأَجۡرُهُۥ عَلَى ٱللَّهِۚ إِنَّهُۥ لَا يُحِبُّ ٱلظَّٰلِمِينَ ﴾
[الشُّوري: 40]

စင်စစ်သော်ကား မကောင်းမှုအကုသိုလ်သည် (အကျိုးဆက်အဖြစ်) အလားတူ မကောင်းမှု အကုသိုလ်ကိုသာ ပေးဆပ်စေ၏။ သို့သော် မည်သူမဆို (မတရားထိခိုက်နစ်နာစေသည့် ရန်သူကို) ခွင့်လွှတ်ပြီး (အချင်း ချင်းကြား ရင်ကြားစေ့လျက် ပြေလည်မှုရရှိရန် ကောင်းမွန်စွာ) ပြုပြင်ပြောင်းလဲလျှင် သူ၏ အကျိုးဆုလဒ်သည် အလ္လာဟ်အရှင်မြတ်ပေါ်၌သာ မူတည်၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အား နှစ်မြို့တော်မူသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: وجزاء سيئة سيئة مثلها فمن عفا وأصلح فأجره على الله إنه لا, باللغة البورمية

﴿وجزاء سيئة سيئة مثلها فمن عفا وأصلح فأجره على الله إنه لا﴾ [الشُّوري: 40]

Ba Sein
၄ဝ။ မိမိနာကျင်ဆုံးရှုံးသည်နှင့်ညီမျှသောနာကျင်မှုဖြင့် လက်စားချေခွင့်ရှိ၏၊ သို့သော်လူတစ်ဦးတစ်ယောက်သည် သူတပါး၏ အပြစ်ကို လွှတ်၍ ထိုသူနှင့်သင့်မြတ်အောင် စေ့စပ်လျှင် အပြစ်လွှတ်သူသည် အလ္လာဟ်အရှင်မြတ် အထံတော်မှ အောင်ဆုမင်္ဂလာတော်ရလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုကို ပြုကျင့်သူတို့အား နှစ်သက်တော်မမူချေ။
Ghazi Mohammad Hashim
စင်စစ်သော်ကား မကောင်းပြုခြင်း၏အစားယင်းမကောင်းပြုခြင်းနှင့် အညီအမျှ မကောင်းပြုခြင်းပင်။ သို့တစေလည်း မည်သူမဆို ခွင့်လွှတ်ခဲ့ပါမူ ၎င်းပြင် (မိမိတို့အချင်းချင်း၏ အရေးကိစ္စများကို ပြေလည်)ကောင်းမွန်အောင် ပြုပြင်ခဲ့ပါမူ ထိုသူအား အကျိုးပေးခြင်းမှာ အလ္လာဟ်အရှင်မြတ်၏တာဝန်ပင်ဖြစ်၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် မတရားသောသူတို့အား နှစ်မြို့တော်မူသည် မဟုတ်ပေ။
Hashim Tin Myint
ထို့ပြင် မ‌ကောင်းပြုလုပ်ခြင်း၏ အစားသည် ထိုမ‌ကောင်းမှု၏ အတိုင်းအတာခန့် မ‌ကောင်းပြန်လုပ်ခြင်း ###၁၅ သာဖြစ်သည်။ ထို့‌နောက် မည်သူမဆို ခွင့်လွှတ်ခဲ့လျှင်၊ ထို့ပြင် (အချင်းချင်း‌ပြေလည်)‌ကောင်းမွန်‌အောင် ပြုပြင်ခဲ့လျှင် ထိုသူ့အား အကျိုး‌ပေးရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ အမှန်စင်စစ် အရှင်မြတ်သည် မတရားသည့်သူများကို နှစ်သက်‌တော်မမူ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek