×

စင်စစ်သော်ကား သူတို့အနက် တစ်စုံတစ်ယောက်သည် သမီးမိန်းကလေးမွေးကြောင်း သတင်းကောင်းပါးခြင်းခံရသောအခါ သူသည် (သူနှင့်အသင့်တော်ဆုံးဖြစ်မည့် သမီးရတနာချီးမြှင့် ပေးအပ်တော်မူသော) အနန္တ ကရုဏာတော်ရှင်အတွက် တုံ့ပြန်မှုဥပမာတစ်ခု 43:17 Burmese translation

Quran infoBurmeseSurah Az-Zukhruf ⮕ (43:17) ayat 17 in Burmese

43:17 Surah Az-Zukhruf ayat 17 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zukhruf ayat 17 - الزُّخرُف - Page - Juz 25

﴿وَإِذَا بُشِّرَ أَحَدُهُم بِمَا ضَرَبَ لِلرَّحۡمَٰنِ مَثَلٗا ظَلَّ وَجۡهُهُۥ مُسۡوَدّٗا وَهُوَ كَظِيمٌ ﴾
[الزُّخرُف: 17]

စင်စစ်သော်ကား သူတို့အနက် တစ်စုံတစ်ယောက်သည် သမီးမိန်းကလေးမွေးကြောင်း သတင်းကောင်းပါးခြင်းခံရသောအခါ သူသည် (သူနှင့်အသင့်တော်ဆုံးဖြစ်မည့် သမီးရတနာချီးမြှင့် ပေးအပ်တော်မူသော) အနန္တ ကရုဏာတော်ရှင်အတွက် တုံ့ပြန်မှုဥပမာတစ်ခု ထုတ်ဖော်ဖန်တီးသည့်အနေဖြင့် သူ့မျက်နှာမှာ ညှိုးနွမ်းမည်း မှောင်လာ၍ (သမီးရကောင်းလားဟူသော ဒေါသကို ချုပ်တည်းလျက်) ဆို့နင့်လေ၏။

❮ Previous Next ❯

ترجمة: وإذا بشر أحدهم بما ضرب للرحمن مثلا ظل وجهه مسودا وهو كظيم, باللغة البورمية

﴿وإذا بشر أحدهم بما ضرب للرحمن مثلا ظل وجهه مسودا وهو كظيم﴾ [الزُّخرُف: 17]

Ba Sein
၁၇။ မဟာဂရုဏာတော်အရှင်၏ ဝေစုတော်ဟုဆိုသော သမီးကို သင်တို့အနက် တစ်ဦးတစ်ယောက်မှာ ဖွားမြင်အ့ံ၊ ထိုဖွားမြင်သောသတင်းကို ထိုသူကြားရသောအခါ ထိုသူသည် မျက်နှာမဲပြီးလျှင် မိမိဝမ်းထဲတွင် ဒေါသဖြစ်လျက် ရှိ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား ၎င်းတို့အနက် တစ်စုံတစ်ယောက်သည် မိမိကိုယ်တိုင် အနန္တကရုဏာတော်ရှင်အား ခိုင်းနှိုင်းဖော်ပြ စော်ကားခဲ့သောအရာဖြင့် သတင်းကောင်း ပြောကြားခြင်းကို ခံရလေသောအခါ ထိုသူသည် စိတ်တွင်းခံစားမှုကို ချုပ်တည်းမျိုသိပ်လျက်ရှိသည်သာမက ၎င်း၏မျက်နှာမှာလည်း တစ်နေကုန် ညှိုးနွမ်းမည်းမှောင်၍ပင် နေလေတော့၏။
Hashim Tin Myint
ထို့ပြင် သူတို့ထဲမှ တစ်စုံတစ်ဦးသည် သူကိုယ်တိုင် အနန္တကရုဏာ‌တော်ရှင်အား ခိုင်းနှိုင်း‌ဖော်ပြ‌စော်ကားခဲ့သည့်အရာနှင့် သတင်းစကား‌ပြောကြားခြင်းကို ခံရသည့်အခါ သူသည် စိတ်ထဲမှခံစားမှုကိုမျိုသိပ်ချုပ်တည်းလျက် သူ၏မျက်နှာမှာ ညှိုးနွမ်းမည်း‌မှောင်ပြီး‌နေ‌တော့သည်။ ###၅
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek