Quran with Burmese translation - Surah Az-Zukhruf ayat 23 - الزُّخرُف - Page - Juz 25
﴿وَكَذَٰلِكَ مَآ أَرۡسَلۡنَا مِن قَبۡلِكَ فِي قَرۡيَةٖ مِّن نَّذِيرٍ إِلَّا قَالَ مُتۡرَفُوهَآ إِنَّا وَجَدۡنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٖ وَإِنَّا عَلَىٰٓ ءَاثَٰرِهِم مُّقۡتَدُونَ ﴾
[الزُّخرُف: 23]
﴿وكذلك ما أرسلنا من قبلك في قرية من نذير إلا قال مترفوها﴾ [الزُّخرُف: 23]
Ba Sein ၂၃။ အေ-တမန်တော် သင်မပွင့်လာမီကာလကလည်း ဤနည်းအတိုင်းပင်ဖြစ်၏၊ ငါသည် လူမျိုးတစ်မျိုးထံ သာသနာ ပြုတမန်တော်စေလွှတ်သောအခါတိုင်း သူတို့အနက် သူဌေးသူကြွယ်တို့က အကျွနု်ပ်တို့သည် မိမိတို့ဘိုးဘွား တို့အား ဘာသာအယူဝါဒတစ်မျိုးကို လိုက်နာကျင့်ဆောင်လျက် တွေ့ရပါ၏၊ အကျွနု်ပ်တို့လည်း သူတို့လမ်းကို သူတို့ခြေရာအတိုင်း လိုက်လျှောက်ကြပါ၏ဟု ဆိုကြလေ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူ(နဗီတမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့တိုင်း ယင်းမြို့ရွာမှ စည်းစိမ်ရှင်တို့က(ဤသို့) ပြောဆိုခဲ့ကြ သည်သာ၊ "စင်စစ်ဧကန် ကျွန်ုပ်တို့သည်မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့ လမ်းစဉ်တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ မုချဧကန် ကျွန်ုပ်တို့သည် ၎င်းတို့၏ ခြေရာများပေါ်၌ လိုက်ကြသူများပင် ဖြစ်ကြပါ၏"။ |
Hashim Tin Myint ထို့ပြင် ထိုသို့ပင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမဆို သတိပေးနှိုးဆော်သူ (တမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့သည့်အခါတိုင်း ထိုမြို့ရွာမှစည်းစိမ်ရှင်များက(ဤသို့)ပြောဆိုခဲ့ကြသည်ပင်ဖြစ်သည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ဘေးများကို သာသနာ့ လမ်းစဉ်တစ်ခုပေါ်တွင်တွေ့ခဲ့ကြပါသည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် သူတို့၏ ခြေရာများပေါ်တွင် လိုက်ကြသူများပင် ဖြစ်ကြပါသည်။” |