Quran with Burmese translation - Surah Az-Zukhruf ayat 54 - الزُّخرُف - Page - Juz 25
﴿فَٱسۡتَخَفَّ قَوۡمَهُۥ فَأَطَاعُوهُۚ إِنَّهُمۡ كَانُواْ قَوۡمٗا فَٰسِقِينَ ﴾
[الزُّخرُف: 54]
﴿فاستخف قومه فأطاعوه إنهم كانوا قوما فاسقين﴾ [الزُّخرُف: 54]
Ba Sein ၅၄။ ထိုမင်းသည် ဤကဲ့သို့သူ၏ အသင်းသားများကို တမန်တော်မူစာအား အရေးမစိုက်ရန် ပြောဆိုလေ၏၊ သူတို့ လည်း သူ့ကို နာခံကြလေ၏ ကြည့်ကြလော့၊ သူတို့သည် လေလွင့်နေသောအသင်းသားများဖြစ်ကြ၏။ |
Ghazi Mohammad Hashim ဆိုလိုရင်းမှာ ထိုဖစ်ရ်အောင်န်သည် မိမိ၏အမျိုးသားတို့အား လူ့ဗာလများ ပြုလုပ်ခဲ့ပေရာ ထိုအမျိုးသားတို့မှာ ၎င်းတို့၏စကားကို နာယူခဲ့ကြကုန်၏။ ဧကန်အမှန် ၎င်းတို့သည် စည်းကမ်းကျူးလွန်သော လေလွင့်သောအမျိုးသားများပင် ဖြစ်ခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် ဖိရ်အောင်န်သည် သူ၏ အမျိုးသားများအား ပညာမဲ့များပြုလုပ်လိုက်သည့်အတွက် သူတို့သည် သူ၏စကားနောက်သို့ လိုက်ခဲ့ကြတော့သည်။ အမှန်စင်စစ် သူတို့သည် စည်းကမ်းကျူးလွန်သည့်သူများပင်ဖြစ်ခဲ့ကြသည်။ |