Quran with Burmese translation - Surah Al-Jathiyah ayat 15 - الجاثِية - Page - Juz 25
﴿مَنۡ عَمِلَ صَٰلِحٗا فَلِنَفۡسِهِۦۖ وَمَنۡ أَسَآءَ فَعَلَيۡهَاۖ ثُمَّ إِلَىٰ رَبِّكُمۡ تُرۡجَعُونَ ﴾
[الجاثِية: 15]
﴿من عمل صالحا فلنفسه ومن أساء فعليها ثم إلى ربكم ترجعون﴾ [الجاثِية: 15]
Ba Sein ၁၅။ အကြင်သူသည် ကုသိုလ်ကောင်းမှုကို ပြုကျင့်အ့ံ၊ ထိုကောင်းမှုသည် သူ၏ ဝိညာဉ်ကောင်းစားဖို့ရာသာဖြစ်၏၊ အကြင်သူသည် အကုသိုလ်မကောင်းမှုကို ပြုကျင့်အ့ံ၊ ထိုမကောင်းမှုသည် သူ၏ ဝိညာဉ်နစ်နာဖို့ရာဖြစ်၏၊ နောက်ဆုံးစွန်၌ သင်တို့အားလုံးကို မိမိတို့အသက်သခင်ကျေးဇူးရှင်ကြီး၏ အထံတော်သို့ ပြန်ယူဆောင်ခဲ့လိမ့်မည်။ |
Ghazi Mohammad Hashim မည်သူမဆို ကောင်းမှုပြုခဲ့လျှင် ၎င်း၏အကျိုးငှာဖြစ်ပေမည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုပြုခဲ့သော် ၎င်း၏အပေါ်၌သာ သက်ရောက်ပေမည်။ ထို့နောက် အသင်တို့အားလုံးတို့မှာ ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်သွားကြရမည်။ |
Hashim Tin Myint မည်သူမဆို ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့လျှင် သူ့အတွက်အကျိုးပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို မကောင်းမှုပြုလုပ်ခဲ့လျှင် သူ၏အပေါ်၌ပင် သက်ရောက်မည်ဖြစ်သည်။ ထို့နောက် အသင်တို့အားလုံးသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ |