Quran with Burmese translation - Surah Al-Jathiyah ayat 16 - الجاثِية - Page - Juz 25
﴿وَلَقَدۡ ءَاتَيۡنَا بَنِيٓ إِسۡرَٰٓءِيلَ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلۡنَٰهُمۡ عَلَى ٱلۡعَٰلَمِينَ ﴾
[الجاثِية: 16]
﴿ولقد آتينا بني إسرائيل الكتاب والحكم والنبوة ورزقناهم من الطيبات وفضلناهم على﴾ [الجاثِية: 16]
Ba Sein ၁၆။ လွန်လေပြီးသောအခါဝယ် ငါသည် အစ္စရာအီလ်လူမျိုးအား ကျမ်းတော်ဘုန်းတန်ခိုးအာဏာတော်တမန်တော် အဖြစ်ဖြင့် ချီးမြှောက်တော်မူ၏၊ သူတို့စားသောက်ဖို့ရာ ကောင်းမွန်သန့်ရှင်းသောအစာအဟာရကိုလည်း ချပေး သနားတော်မူ၏၊ သူတို့အား အခြားအမျိုးသားတို့ထက် သာလွန်၍ ကောင်းကြီးမင်္ဂလာချပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလီအမျိုးသားတို့အား ကျမ်းဂန်ကိုလည်းကောင်း၊ စီရင်ဆုံးဖြတ်မှုကိုလည်းကောင်း၊ နဗီတမန်တော်အဖြစ် ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား သန့်ပြန့်စင်ကြယ်သော အစားအစာကို စားနပ်ရိက္ခာအဖြစ် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့အား ငါအရှင်မြတ်သည် ကမ္ဘာသူကမ္ဘာသားတို့ထက် ထူးကဲစေတော်မူခဲ့၏။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များအား ကျမ်းဂန်နှင့် စီရင်ဆုံးဖြတ်မှုအပြင် တမန်တော်ဖြစ်ခြင်းကိုလည်း ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သန့်ပြန့်စင်ကြယ်သော အစားအစာကို စားနပ်ရိက္ခာအဖြစ် ပေးသနားတော်မူခဲ့သည်။ ထို့ပြင် သူတို့အား (ထိုခေတ်က) စကြဝဠာတွင်ရှိသူများထက် ထူးကဲစေတော်မူခဲ့သည်။ |