Quran with Burmese translation - Surah Al-Jathiyah ayat 17 - الجاثِية - Page - Juz 25
﴿وَءَاتَيۡنَٰهُم بَيِّنَٰتٖ مِّنَ ٱلۡأَمۡرِۖ فَمَا ٱخۡتَلَفُوٓاْ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۚ إِنَّ رَبَّكَ يَقۡضِي بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ ﴾
[الجاثِية: 17]
﴿وآتيناهم بينات من الأمر فما اختلفوا إلا من بعد ما جاءهم العلم﴾ [الجاثِية: 17]
Ba Sein ၁၇။ ငါသည် သူတို့အား ရှင်းလင်းထင်ရှားသောပညတ်တော်များကို ပေးသနားတော်မူ၏၊ သို့သော်တရားအလင်း ရောင်ကို ချပေးသနားတော်မမူမီ သူတို့၌ အချင်းချင်းကွဲလွဲမှုမရှိချေ၊ တရားတော်ကို ပေးသနားတော်မူပြီး မှသာလျှင် မနာလိုဝန်တိုစိတ်ကြောင့် အချင်းချင်းတကွဲတပြားဖြစ်ကြ၏၊ မုချဧကန်သင်၏ အသက်သခင်ကျေးဇူး ရှင်ကြီးသည် ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ သူတို့စပ်ကြားတွင် သူတို့၏ ကွဲပြားမှုများကို စစ်ကြောစီရင် တော်မူလိမ့်မည်။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အားသာသနာ့အရေးနှင့်စပ်လျဉ်း၍ ထင်ရှားစွာသော သက်သေသာဓကများကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ပါလျက်၎င်းတို့သည် မိမိတို့ထံ အသိပညာ ရောက်လာပြီးနောက်သော်မှပင် မိမိတို့အချင်းချင်း တုပြိုင်သောအားဖြင့် ကွဲလွဲခဲ့ကြကုန်၏။ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့၏အကြားဝယ် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့ ကွဲပြားလျက်ရှိခဲ့ကြသော အရေးကိစ္စနှင့်စပ်လျဉ်း ၍ စီရင်ဆုံးဖြတ်တော်မူပေမည်။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သာသနာ့ကိစ်္စနှင့်ပတ်သက်၍ ထင်ရှားသော သက်သေသာဓကများကိုပေးတော်မူခဲ့သည်။ ထို့နောက် သူတို့သည် သူတို့ထံ အသိပညာရောက်လာပြီးနောက်မှပင် သူတို့အချင်းချင်း မလိုမုန်းတီးမှုကြောင့် ကွဲလွဲခဲ့ကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် သူတို့ကြားတွင် ကိယာမသ်နေ့၌ သူတို့ကွဲပြားနေခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်သည်။ |