×

ဧကန်စင်စစ်၊ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ အနည်းငယ် စိုးစဉ်းမျှပင် အသင့်အတွက် အသုံးဝင် အရာရောက်ကြလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ၊ အရှင့်စည်းမျဉ်းတော်များကို 45:19 Burmese translation

Quran infoBurmeseSurah Al-Jathiyah ⮕ (45:19) ayat 19 in Burmese

45:19 Surah Al-Jathiyah ayat 19 in Burmese (البورمية)

Quran with Burmese translation - Surah Al-Jathiyah ayat 19 - الجاثِية - Page - Juz 25

﴿إِنَّهُمۡ لَن يُغۡنُواْ عَنكَ مِنَ ٱللَّهِ شَيۡـٔٗاۚ وَإِنَّ ٱلظَّٰلِمِينَ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٖۖ وَٱللَّهُ وَلِيُّ ٱلۡمُتَّقِينَ ﴾
[الجاثِية: 19]

ဧကန်စင်စစ်၊ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ အနည်းငယ် စိုးစဉ်းမျှပင် အသင့်အတွက် အသုံးဝင် အရာရောက်ကြလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ၊ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် အချင်းချင်း တစ်ဦးအတွက်တစ်ဦး အချို့သည် အချို့၏ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြ၏။ အလ္လာဟ်အရှင်မြတ်သည်ကား မွတ္တကီ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး သောသူတော်စင်တို့၏ကာကွယ်စောင့်ရှောက်သူ ဖြစ်တော်မူ၏။)

❮ Previous Next ❯

ترجمة: إنهم لن يغنوا عنك من الله شيئا وإن الظالمين بعضهم أولياء بعض, باللغة البورمية

﴿إنهم لن يغنوا عنك من الله شيئا وإن الظالمين بعضهم أولياء بعض﴾ [الجاثِية: 19]

Ba Sein
၁၉။ မှတ်သားကြလော့၊ သူတို့သည် အလ္လာဟ်အရှင်မြတ်အား အန်မတုနိုင်ချေ၊ မှတ်သားလော့၊ တရားကျူးလွန်သူ တို့သည် အချင်းချင်းတစ်ဦးနှင့်တစ်ဦး အဆွေခင်ပွန်းဖြစ်ကြ၏၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုကို ရှောင်ကြဉ်သူတို့၏ အဆွေခင်ပွန်းကြီးဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ဧကန်စင်စစ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် နှင့်ဆန့်ကျင်၍ အနည်းငယ်မျှပင် အသင့်အဖို့ အလျှင်းအသုံးဝင်ကြမည် မဟုတ်ပေ။ ၎င်းပြင် ဧကန်အမှန် မတရားသောသူတို့သည် ၎င်းတို့အနက် အချို့မှာအချို့၏ အဆွေခင်ပွန်းများပင်ဖြစ်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်မူကား "မွတ္တကီ" သူတော်စင်တို့၏ အဆွေခင်ပွန်း ဖြစ်တော်မူ၏။
Hashim Tin Myint
အမှန်စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်ပြီး အသင့်အတွက် အနည်းငယ်မျှ လုံးဝအသုံးဝင်ကြမည်မဟုတ်‌ပေ။ ထို့ပြင် အမှန်စင်စစ်မတရားသူများသည် သူတို့ထဲမှအချို့သည် အချို့၏မိတ်‌ဆွေများပင်ဖြစ်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများ၏မိတ်‌ဆွေဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek