×

(မယုံကြည်မှုနှင့်မကောင်းမှုအကုသိုလ်များတွင် ဇွဲကောင်းကောင်းဖြင့် နစ်မြုပ်နေကြသော) သူတို့သည် သူတို့ထံ ရုတ်တရက် ရှင်ပြန်ထမည့်အချိန်ကာလဆိုက်ရောက်စေခြင်းမှအပ (အခြားမည်သည်ကို) စောင့်ဆိုင်းနေကြသနည်း။ သို့ဖြစ်လျှင် ဧကန်မလွဲ၊ ထိုရှင်ပြန်ထမည့်အချိန်ကာလကို 47:18 Burmese translation

Quran infoBurmeseSurah Muhammad ⮕ (47:18) ayat 18 in Burmese

47:18 Surah Muhammad ayat 18 in Burmese (البورمية)

Quran with Burmese translation - Surah Muhammad ayat 18 - مُحمد - Page - Juz 26

﴿فَهَلۡ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأۡتِيَهُم بَغۡتَةٗۖ فَقَدۡ جَآءَ أَشۡرَاطُهَاۚ فَأَنَّىٰ لَهُمۡ إِذَا جَآءَتۡهُمۡ ذِكۡرَىٰهُمۡ ﴾
[مُحمد: 18]

(မယုံကြည်မှုနှင့်မကောင်းမှုအကုသိုလ်များတွင် ဇွဲကောင်းကောင်းဖြင့် နစ်မြုပ်နေကြသော) သူတို့သည် သူတို့ထံ ရုတ်တရက် ရှင်ပြန်ထမည့်အချိန်ကာလဆိုက်ရောက်စေခြင်းမှအပ (အခြားမည်သည်ကို) စောင့်ဆိုင်းနေကြသနည်း။ သို့ဖြစ်လျှင် ဧကန်မလွဲ၊ ထိုရှင်ပြန်ထမည့်အချိန်ကာလကို ထောက်ပြနေသော နိမိတ်လက္ခဏာ များမူကား အမှန်ပင် (သူတို့ထံ) ရောက်ရှိခဲ့ပြီ။ သို့ဖြစ်ပေရာ ထိုအချိန်နာရီသည် သူတို့ထံ ရောက်လာသောအခါ သူတို့အတွက် ဆုံးမဩဝါဒများပါဝင်သော သူတို့၏သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာက မည်သို့ အကျိုးရှိစေ နိုင်မည်နည်း။

❮ Previous Next ❯

ترجمة: فهل ينظرون إلا الساعة أن تأتيهم بغتة فقد جاء أشراطها فأنى لهم, باللغة البورمية

﴿فهل ينظرون إلا الساعة أن تأتيهم بغتة فقد جاء أشراطها فأنى لهم﴾ [مُحمد: 18]

Ba Sein
၁၈။ ဤမိစ္ဆာဒိဋ္ဌိတို့သည် မိမိတို့အပေါ်၌ ရုတ်တရက်ရှောင်တခင်ကျရောက်လာမည့်အချိန်တော်ကြီးမှတပါး အဘယ် အရာကို စောင့်ဆိုင်းနေကြသနည်း၊ သို့သော်ထိုနေ့တော်ကြီး၏ ပုဗ္ဗနိမိတ်တို့သည် ထင်လာပြီး ထိုနေ့တော်ကြီး သည် သူတို့အပေါ်သို့ ဆိုက်ရောက်လာသောအခါ တရားတော်သည် သူတို့အား မည်သို့အကျိုးပေးနိုင်မည်နည်း။
Ghazi Mohammad Hashim
စင်စစ် ၎င်းတို့သည် ရုတ်တရက် မိမိတို့ထံ’ကိယာမတ်’ ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်လာခြင်းကိုသာလျှင် မျှော်လင့်စောင့်ဆိုင်း၍ နေကြကုန်၏။ သို့ဖြစ်လျှင် ဧကန်မလွဲ ယင်းရှင်ပြန်ထမည့်အချိန်ကာလ၏ နိမိတ်လက္ခဏာများမှာမူကား ရောက်လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ ယင်းရှင်ပြန်ထမည့် အချိန်ကာလသည် ၎င်းတို့ထံ ရောက်လာသောအခါ ၎င်းတို့၌ သတိရခြင်းသည် အဘယ်မှာလျှင်အကျိုးရှိတော့အံ့နည်း။
Hashim Tin Myint
ထို့‌နောက် သူတို့သည် ရုတ်တရက် သူတို့ထံသို့ ကိယာမသ်ရှင်ပြန်ထမည့်‌နေ့ ဆိုက်‌ရောက်လာသည်ကိုပင် ‌စောင့်‌နေကြသည်။ ၎င်းပြင် အမှန်စင်စစ် ထို‌နေ့၏ နိမိတ်လက္ခဏာများသည် ‌ရောက်လာခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ ထို‌နေ့ သူတို့ထံသို့ ‌ရောက်လာသည့်အခါ သူတို့တွင် သတိတရားရခြင်းသည် သူတို့အတွက် မည်သို့အကျိုးရှိ‌တော့မည်နည်း။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek