Quran with Burmese translation - Surah Muhammad ayat 21 - مُحمد - Page - Juz 26
﴿طَاعَةٞ وَقَوۡلٞ مَّعۡرُوفٞۚ فَإِذَا عَزَمَ ٱلۡأَمۡرُ فَلَوۡ صَدَقُواْ ٱللَّهَ لَكَانَ خَيۡرٗا لَّهُمۡ ﴾
[مُحمد: 21]
﴿طاعة وقول معروف فإذا عزم الأمر فلو صدقوا الله لكان خيرا لهم﴾ [مُحمد: 21]
Ba Sein ၂၁။ အမိန့်တော်နာခံခြင်း၊ သာယာနာပျော်ဖွယ်သောစကားကို ဆိုခြင်းသည် မင်္ဂလာဖြစ်၏၊ အမှုတစ်ခုကို ဆုံးဖြတ်ပြီး သောအခါ သူတို့သည် အရှင်မြတ်အား သစ္စာရှိလျက် သူတို့အတွက် ကောင်း၏။ |
Ghazi Mohammad Hashim (၎င်းတို့၏) လိုက်နာမှုသည်လည်းကောင်း၊ ပြောဆိုမှုသည်လည်းကောင်း၊ သိရှိပြီးဖြစ်၏။ သို့တစေလည်း ၎င်းတို့သည် အရေးကိစ္စ အလုံးစုံပြဌာန်းပြီး ဖြစ်သောအခါ၌လည်း အကယ်၍ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ သစ္စာစောင့်သိကြလျှင် ၎င်းတို့အဖို့ အကောင်းဆုံးပင် ဖြစ်ခဲ့ပေမည်။ |
Hashim Tin Myint (အရှင်မြတ်၏ ) အမိန့်တော်ကိုလိုက်နာမှုနှင့် (တမန်တော်မြတ်ကို)ကောင်းမွန်သည့်စကားပြောဆိုခြင်းသည် (သူတို့အတွက် ပိုကောင်းသည်)။ ထို့နောက် အရေးကိစ္စ(စစ်တိုက်ခြင်း)သည် သတ်မှတ်ပြီးဖြစ်သည့်အခါ အကယ်၍သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မှန်ကန်စွာ ဆက်ဆံကြလျှင် သူတို့အတွက်အမှန်ပင် အကောင်းဆုံးဖြစ်ခဲ့လိမ့်မည်။ ###၇ |