×

ဧကန်ပင်၊ ဤလောကီဘဝသက်တမ်းသည် ကစားစရာ၊ ပျော်မြူးစရာမျှသာ ဖြစ်၏။ သို့ရာတွင် အကယ်၍ သင်တို့သည် သက်ဝင်ယုံကြည်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် 47:36 Burmese translation

Quran infoBurmeseSurah Muhammad ⮕ (47:36) ayat 36 in Burmese

47:36 Surah Muhammad ayat 36 in Burmese (البورمية)

Quran with Burmese translation - Surah Muhammad ayat 36 - مُحمد - Page - Juz 26

﴿إِنَّمَا ٱلۡحَيَوٰةُ ٱلدُّنۡيَا لَعِبٞ وَلَهۡوٞۚ وَإِن تُؤۡمِنُواْ وَتَتَّقُواْ يُؤۡتِكُمۡ أُجُورَكُمۡ وَلَا يَسۡـَٔلۡكُمۡ أَمۡوَٰلَكُمۡ ﴾
[مُحمد: 36]

ဧကန်ပင်၊ ဤလောကီဘဝသက်တမ်းသည် ကစားစရာ၊ ပျော်မြူးစရာမျှသာ ဖြစ်၏။ သို့ရာတွင် အကယ်၍ သင်တို့သည် သက်ဝင်ယုံကြည်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး ကြလျှင် ထိုအရှင်မြတ်သည် သင်တို့၏ကုသိုလ်အကျိုးဆုလဒ်များကို ချီးမြှင့်ပေးအပ်တော်မူပြီး သင်တို့ထံမှ သင်တို့၏ဥစ္စာဓနများကို (စွန့်လွတ်ရန်) တောင်းဆိုမည်လည်း မဟုတ်ချေ။

❮ Previous Next ❯

ترجمة: إنما الحياة الدنيا لعب ولهو وإن تؤمنوا وتتقوا يؤتكم أجوركم ولا يسألكم, باللغة البورمية

﴿إنما الحياة الدنيا لعب ولهو وإن تؤمنوا وتتقوا يؤتكم أجوركم ولا يسألكم﴾ [مُحمد: 36]

Ba Sein
၃၆။ ဤလောကီဘဝသည် ကစားပျော်ရွှင်စရာကဲ့သို့ အသိမ်အဖျင်းအနှစ်သာရကင်းမဲ့၏၊ သင်တို့သည် ဒုစရိုက် မကောင်းမှုကို ရှောင်လျက် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အကျိုးသုခပေးသနားတော်မူလတ့ံ၊ အရှင် မြတ်သည် သင်တို့အား သင်တို့၏ စည်းစိမ်ဥစ္စာများကို စွန့်ပစ်ရန် ပညတ်တော်မူသည်မဟုတ်ချေ။
Ghazi Mohammad Hashim
(ဤ) ပစ္စုပ္ပန်လောကီဘဝမှာ ကစားပွဲ၊ ပျော်ရွှင်ပွဲမျှသာ ဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် သက်ဝင် ယုံကြည်ကြသည်ရှိသော် ၎င်းပြင်(ပြစ်မှုဒုစရိုက်တို့မှ)ကြဉ်ရှောင်ကြသည်ရှိသော် ထိုအရှင်မြတ်သည် အသင်တို့၏ ကုသိုလ်အကျိုးများကို ချီးမြှင့်ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ထံမှ အသင်တို့၏ ပစ္စည်းများကို တောင်းဆိုမည်လည်း မဟုတ်ပေ။
Hashim Tin Myint
ဤဘဝသည် ကစားပွဲ၊ ‌ပျော်ပွဲရွှင်ပွဲပင် ဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်ကြပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြလျှင် အရှင်မြတ်သည် အသင်တို့၏ ကုသိုလ်အကျိုးများကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ထံမှ အသင်တို့၏ ပစ္စည်းများကို ‌တောင်းဆိုမည်လည်းမဟုတ်‌ပေ။ ###၁၃
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek