Quran with Burmese translation - Surah Al-Fath ayat 25 - الفَتح - Page - Juz 26
﴿هُمُ ٱلَّذِينَ كَفَرُواْ وَصَدُّوكُمۡ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ وَٱلۡهَدۡيَ مَعۡكُوفًا أَن يَبۡلُغَ مَحِلَّهُۥۚ وَلَوۡلَا رِجَالٞ مُّؤۡمِنُونَ وَنِسَآءٞ مُّؤۡمِنَٰتٞ لَّمۡ تَعۡلَمُوهُمۡ أَن تَطَـُٔوهُمۡ فَتُصِيبَكُم مِّنۡهُم مَّعَرَّةُۢ بِغَيۡرِ عِلۡمٖۖ لِّيُدۡخِلَ ٱللَّهُ فِي رَحۡمَتِهِۦ مَن يَشَآءُۚ لَوۡ تَزَيَّلُواْ لَعَذَّبۡنَا ٱلَّذِينَ كَفَرُواْ مِنۡهُمۡ عَذَابًا أَلِيمًا ﴾
[الفَتح: 25]
﴿هم الذين كفروا وصدوكم عن المسجد الحرام والهدي معكوفا أن يبلغ محله﴾ [الفَتح: 25]
Ba Sein ၂၅။ ဤလူများသည် ယုံကြည်ခြင်းတရားမရှိပဲ သင်တို့အား မြင့်မြတ်သောမကျူးလွန်အပ်သောဗလီဝတ်ကျောင်းတော် သို့ ဝင်၍ ဝတ်မတက်ရန် တားဆီးကန့်ကွက်ကြ၏၊ ထို့အပြင်သင်တို့ယူဆောင်လာသောပူဇော်သက္ကာရများကို လည်း ပူဇော်ရာဌာနသို့ မယူရန် ဟန့်တားကြ၏၊ ယင်းကဲ့သို့ရိုင်းပြစော်ကားမိုက်အားကြီးပါလျက် အလ္လာဟ် အရှင်မြတ်သည် ၎င်းတို့ကို လျင်မြန်စွာမတိုက်ခိုက်စေပဲ ဆိုင်းတွဲ့၍ ထားတော်မူ၏၊ သို့ဆိုင်းတွဲ့၍ ဖြန်ဖြေတော်မူ သည့်အကြောင်းရင်းမှာ မက္ကာဟ်မြို့တွင် တိတ်တဆိတ်လျှို့ဝှက်ယုံကြည်သူယောက်ျားမိန်းမတို့ကို ငဲ့ညှာခြင်း အားဖြင့် လတ်တလောတွေ့ကြံုရမည်ဖြစ်သောရန်ကို ဖြန်ဖြေကျေအေးစေတော်မူ၏၊ အို-တမန်တော်၊ အကယ်၍ မက္ကာဟ်မြို့တွင်း၌ ယုံကြည်သူယောက်ျားမိန်းမတို့သာ မရှိမူ ထိုမြို့ကို လျင်မြန်တိုက်ခိုက်ရန် သင့်အား ငါ ခွင့်ပြုတော်မူလိမ့်မည်၊ ယခုမှာ ယင်းကဲ့သို့ခွင့်ပြုတော်မမူခြင်းကား မြို့တွင်းရှိ တိတ်တဆိတ်တရားမှန်ရသူတို့ကို တိုက်ရာ သေချာစွာသင်မသိနိုင်ခြင်းကြောင့်တည်း၊ မကွဲမပြားထင်ယောင်ထင်မှားသတ်ဖြတ်မိငြားက သင့်အား မသိမှားယွင်းမိသောအပြစ်သင့်လိမ့်မည်ဖြစ်သောကြောင့် ရန်စကျေအေးစေတော်မူ၏၊ ယင်းအချက်တော်များကို ငါစီမံတော်မူသည်မှာ ငါ၏ ကောင်းကြီးမင်္ဂလာနိုင်ငံတော်တွင်းသို့ အလိုတော်ရှိသူတို့အား သွတ်သွင်းချီးမြှင့်တော် မူရန် အလို့ငှာဖြစ်၏၊ အကယ်၍မက္ကာဟ်မြို့တွင်း၌ မိစ္ဆာဒိဋ္ဌိတို့မှ သမ္မာတရားရှိသူတို့သီးခြားနေကြမူ မိစ္ဆာဒိဋ္ဌိ အားလုံးတို့ကိ သိမ်းရုံးကုန်စင်အောင် ပြင်းပြနာကျယ်ဖွယ်သောအပြစ်ဒဏ်ကို ငါတပ်ရိုက်စီရင်တော်မူလိမ့်မည်။ |