Quran with Burmese translation - Surah Al-hujurat ayat 5 - الحُجُرَات - Page - Juz 26
﴿وَلَوۡ أَنَّهُمۡ صَبَرُواْ حَتَّىٰ تَخۡرُجَ إِلَيۡهِمۡ لَكَانَ خَيۡرٗا لَّهُمۡۚ وَٱللَّهُ غَفُورٞ رَّحِيمٞ ﴾
[الحُجُرَات: 5]
﴿ولو أنهم صبروا حتى تخرج إليهم لكان خيرا لهم والله غفور رحيم﴾ [الحُجُرَات: 5]
Ba Sein ၅။ အကယ်၍ထိုသူတို့သည် မိမိတို့ထံ သင်အလိုအလျောက်ထွက်လာသည့်တိုင်အောင် စိတ်ရှည်လက်ရှည်စောင့်ဆိုင်း နေလျှင် သူတို့အနက် သာလွန်လျှောက်ပတ်ချေ၏၊ စင်စစ်မှာ အလ္လာဟ်အရှင်မြတ်သည် အပြစ်လွှတ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာပေးတော်မူ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့သည်အသင် ၎င်းတို့ထံ ထွက်လာသည်အထိ သည်းခံခဲ့ကြပါလျှင် ၎င်းတို့အဖို့ အကောင်းဆုံးပင် ဖြစ်ခဲ့ပေမည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် လွန်စွာ ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ လွန်စွာ သနား ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် အကယ်၍အမှန်စင်စစ် သူတို့သည် အသင်သူတို့ထံသို့ ထွက်လာသည်အထိ သည်းခံခဲ့လျှင် သူတို့အတွက် အမှန်ပင်အကောင်းဆုံးဖြစ်ခဲ့လိမ့်မည်။ ###၃ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |