×

(တမန်တော်မူဆာ၏လူမျိုးဖြစ်သော ဂျူးအမျိုးသားတို့က) “အို၊ မူဆာ၊ (အသင်ဝင်ရောက်မိန့်ကြား) ထိုနယ်မြေ၌ နိုင်လိုမင်းထက်ပြုသော အင်အားအလွန်သာသည့် လူမျိုးတစ်မျိုး မုချ နေထိုင်ကြ၏။ သို့ဖြစ်၍ 5:22 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:22) ayat 22 in Burmese

5:22 Surah Al-Ma’idah ayat 22 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 22 - المَائدة - Page - Juz 6

﴿قَالُواْ يَٰمُوسَىٰٓ إِنَّ فِيهَا قَوۡمٗا جَبَّارِينَ وَإِنَّا لَن نَّدۡخُلَهَا حَتَّىٰ يَخۡرُجُواْ مِنۡهَا فَإِن يَخۡرُجُواْ مِنۡهَا فَإِنَّا دَٰخِلُونَ ﴾
[المَائدة: 22]

(တမန်တော်မူဆာ၏လူမျိုးဖြစ်သော ဂျူးအမျိုးသားတို့က) “အို၊ မူဆာ၊ (အသင်ဝင်ရောက်မိန့်ကြား) ထိုနယ်မြေ၌ နိုင်လိုမင်းထက်ပြုသော အင်အားအလွန်သာသည့် လူမျိုးတစ်မျိုး မုချ နေထိုင်ကြ၏။ သို့ဖြစ်၍ (ကျွန်ုပ်တို့သည်) သူတို့ ထိုနယ်မြေအတွင်းမှ ထွက်ခွာသွားသည့်အချိန်အထိ ထိုနယ်မြေထဲသို့ မည်သည့်နည်းနှင့်မျှ အလျှင်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ အကယ်၍ သူတို့သည် ထိုနယ်မြေမှ ထွက်ခွာသွားခဲ့ကြလျှင် ကျွန်ုပ်တို့သည် ထိုနယ်မြေထဲသို့ မုချ ဝင်ရောက်လိမ့်မည်။”

❮ Previous Next ❯

ترجمة: قالوا ياموسى إن فيها قوما جبارين وإنا لن ندخلها حتى يخرجوا منها, باللغة البورمية

﴿قالوا ياموسى إن فيها قوما جبارين وإنا لن ندخلها حتى يخرجوا منها﴾ [المَائدة: 22]

Ba Sein
၂၂။ သူတို့က အို-မူဆာ အလွန်ကြီးမားသောလူမျိုးသည် ထိုအရပ်ဒေသ၌ အမှန်နေထိုင်ကြ၏။ သူတို့သည် ထိုနေရာမှထွက်မသွားသည့်ကာလအတွင်း အကျွနု်ပ်တို့သည် အမှန်ပင် ထိုနေရာကို ဝင်ကြမည် မဟုတ်ပေ။ သူတို့ထွက်ခွာသွားသောအခါ အကျွနု်ပ်တို့ ဝင်ကြမည်ဟုဆိုကြ၏။
Ghazi Mohammad Hashim
၎င်း (အမျိုးသား) တို့ကမူ (ဤသို့) ဖြေကြားခဲ့ကြလေသည်။ “အို- မူစာ၊ မုချဧကန် ထို (နယ်) မြေ၌ လုံးရပ်အင်အားကြီးမားသော လူမျိုးတစ်မျိုးသည် ရှိနေကြကုန်၏။ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာ၍မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် ယင်း (နယ်) မြေအတွင်းသို့ အလျင်းဝင်ရောက်ကြမည်မဟုတ်ပေ။ အကယ်၍ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာသွားကြပါမူ၊ ကျွန်ုပ်တို့သည် ဧကန်စင်စစ် (ထိုနယ်မြေအတွင်းသို့) ဝင်ရောက်ကြလတ္တံ့။”
Hashim Tin Myint
သူတို့က (ဤသို့)‌ပြောဆို‌ဖြေကြားကြသည်- “အို- (တမန်‌တော်)မူစာ၊ အမှန်စင်စစ် ထိုနယ်‌မြေ၌ (ကျွန်ုပ်တို့ ပြိုင်ဆိုင်နိုင်စွမ်းမရှိ‌သော)ကြီးမားထွားကြိုင်းသည့် လူမျိုးတစ်မျိုးရှိ‌နေသည်။ ထိုလူမျိုးသည် ထိုနယ်‌မြေထဲမှ ထွက်ခွာသွားကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ဝင်‌ရောက်ကြပါမည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek