Quran with Burmese translation - Surah Al-Ma’idah ayat 21 - المَائدة - Page - Juz 6
﴿يَٰقَوۡمِ ٱدۡخُلُواْ ٱلۡأَرۡضَ ٱلۡمُقَدَّسَةَ ٱلَّتِي كَتَبَ ٱللَّهُ لَكُمۡ وَلَا تَرۡتَدُّواْ عَلَىٰٓ أَدۡبَارِكُمۡ فَتَنقَلِبُواْ خَٰسِرِينَ ﴾
[المَائدة: 21]
﴿ياقوم ادخلوا الأرض المقدسة التي كتب الله لكم ولا ترتدوا على أدباركم﴾ [المَائدة: 21]
Ba Sein ၂၁။ အို-အကျွနု်ပ်၏အမျိုးသားအပေါင်းတို့ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အဖို့အရာ အသီးသီး သတ်မှတ်ထားတော်မူသည့် ထူးမြတ်လှသောအောင်မြေကို ဝင်ရောက်နေထိုင်ကြလော့။ ထွက်ပြေး လာခြင်းမပြုကြလင့်။ အမှန်မှာ သင်တို့ထွက်ပြေးလျှင် ဆုံးရှုံးသူကဲ့သို့သာ ပြန်လာရသည်ဖြစ်၏။ |
Ghazi Mohammad Hashim “အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က (သတ်မှတ်) ရေးသားတော်မူပြီးဖြစ်သော ထွတ်မြတ်သည့် (နယ်) အတွင်းသို့ ဝင်ရောက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏နောက်ဘက်သို့လှည့်၍ ပြန်မသွားကြကုန်လင့်။ သို့ပြန်လှည့်သွားကြပါမူ အသင်တို့သည် ဆုံးရှုံးပျက်စီးသူများ ဖြစ်သွားကြရပေမည်။” |
Hashim Tin Myint အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်က (အသင်တို့အောင်နိုင်ရာအဖြစ်)ရေးမှတ်ထားတော်မူပြီးဖြစ်သော ထွတ်မြတ်သောနယ်မြေ*ထဲသို့ ဝင်ရောက်ကြပါ။ ၎င်းပြင် အသင်တို့သည် အသင်တို့နောက်သို့ ပြန်လှည့်မသွားကြနှင့်။ ထိုကဲ့သို့ ပြန်လှည့်သွားလျှင် အသင်တို့သည် ဆုံးရှုံးသူများအဖြစ် ပြောင်းလဲသွားလိမ့်မည်။ |