Quran with Burmese translation - Surah Al-Ma’idah ayat 38 - المَائدة - Page - Juz 6
﴿وَٱلسَّارِقُ وَٱلسَّارِقَةُ فَٱقۡطَعُوٓاْ أَيۡدِيَهُمَا جَزَآءَۢ بِمَا كَسَبَا نَكَٰلٗا مِّنَ ٱللَّهِۗ وَٱللَّهُ عَزِيزٌ حَكِيمٞ ﴾
[المَائدة: 38]
﴿والسارق والسارقة فاقطعوا أيديهما جزاء بما كسبا نكالا من الله والله عزيز﴾ [المَائدة: 38]
Ba Sein ၃၈။ သူခိုးမှာမူကား ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ သူတို့၏လက်များကို ဖြတ်ပစ်ကြလော့။ ဤအပြစ် ဒဏ်သည် သူတို့ပြုလုပ်မှု၏ အကျိုးဆုလာဘ်ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်အထံတော်မှ လူသား အများ မှတ်လောက်သော ပြစ်ဒဏ်တော်ဖြစ်၏။ အသျှင်မြတ်သည် အနန္တဘုန်းတန်ခိုးတော်သခင်၊ အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ၎င်းအပြင် (အို- တရားသူကြီးအပေါင်းတို့) ခိုးသူယောက်ျားပင်ဖြစ်စေ၊ ခိုးသူမိန်းမပင်ဖြစ်စေ၊ အသင်တို့သည် ၎င်းတို့နှစ်ဦးလုံး၏လက်များကို ဖြတ်တောက်ကြလေကုန်။ (ဤသည်) ထိုသူတို့နှစ်ဦး ပြုမူခဲ့ကြသော ပြုမူချက်၏ ပြစ်ဒဏ်လည်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်အထံတော်မှ (အခြားသူများ) သတိသံဝေဂရစေရန် ဆုံးမချက်တစ်ရပ်လည်းဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင်တည်း။ |
Hashim Tin Myint ထို့ပြင် သူခိုးဖြစ်စေ၊ သူခိုးမဖြစ်စေ အသင်တို့သည် သူတို့နှစ်ဦးလုံး၏လက်များကို (လက်ကောက်ဝတ်မှ)ဖြတ်ကြပါ။* (ဤသည်) သူတို့နှစ်ဦးပြုလုပ်ခဲ့သော လုပ်ရပ်၏အပြစ်ဒဏ်လည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံတော်မှ သတိရစေရန် ဆုံးမမှုတစ်ခုလည်းဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |