×

ဟောပြောလော့။ “အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) တွင် (အရှင့်စည်းမျဉ်းဘောင်ကိုကျော်၍) အမှန်တရား 5:77 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:77) ayat 77 in Burmese

5:77 Surah Al-Ma’idah ayat 77 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 77 - المَائدة - Page - Juz 6

﴿قُلۡ يَٰٓأَهۡلَ ٱلۡكِتَٰبِ لَا تَغۡلُواْ فِي دِينِكُمۡ غَيۡرَ ٱلۡحَقِّ وَلَا تَتَّبِعُوٓاْ أَهۡوَآءَ قَوۡمٖ قَدۡ ضَلُّواْ مِن قَبۡلُ وَأَضَلُّواْ كَثِيرٗا وَضَلُّواْ عَن سَوَآءِ ٱلسَّبِيلِ ﴾
[المَائدة: 77]

ဟောပြောလော့။ “အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) တွင် (အရှင့်စည်းမျဉ်းဘောင်ကိုကျော်၍) အမှန်တရား သစ္စာမဟုတ်သော (လူ့အတွေးအခေါ်၊ အယူအဆများဖြစ်သည့်) တီထွင်ဖန်တီးမှုများကို ထည့်သွင်း ၍ ချဲ့ထွင်ကျူးလွန်ခြင်း မပြုကြလေနှင့်။ ထို့ပြင် သင်တို့မတိုင်မီ လမ်းမှားရောက်ခဲ့ပြီး ဖြစ်သောကြောင့် လူပေါင်းမြောက်များစွာကိုလည်း လမ်းမှားရောက်စေရုံသာမက တရားမျှတမှု မျှခြေမှလည်း လွဲချော်သွားခဲ့သော လူမျိုးတစ်မျိုး၏ (လူမျိုးစွဲအပေါ် အခြေခံသော အမျိုးသားရေး၊ မျိုးချစ်ရေးနှင့်မဟာလူမျိုးကြီးဝါဒဆိုင်ရာအတွေး အခေါ် အယူအဆများနှင့်) အလိုဆန္ဒရမ္မက်များ၏နောက်သို့ တကောက်ကောက် မလိုက်ကြလေနှင့်။”

❮ Previous Next ❯

ترجمة: قل ياأهل الكتاب لا تغلوا في دينكم غير الحق ولا تتبعوا أهواء, باللغة البورمية

﴿قل ياأهل الكتاب لا تغلوا في دينكم غير الحق ولا تتبعوا أهواء﴾ [المَائدة: 77]

Ba Sein
၇၇။ အို-တမန်တော် ဟောပြောလော့။ အို-ရှေးကျမ်းတော်ရရှိသူအပေါင်းတို့ သင်တို့ဘာသာအယူဝါဒတွင် သစ္စာတရားမှတစ်ပါး အခြားအရာ အရေးမပေးကြလင့်။ ရှေးလွန်လေပြီးသောအခါ၌ လမ်းမှားသို့ မိမိကိုယ်တိုင်ရောက်ပြီးလျှင် လမ်းမှားကို ညွှန်ပြလျက် တရားလမ်းမှန်မှ တိမ်းစောင်းသွားသူတို့၏ အကျိုးမဲ့အချည်းအနှီးဖြစ်သည့် လိုအင်ဆန္ဒများနောက်သို့ သင်တို့မလိုက်ကြလင့်။
Ghazi Mohammad Hashim
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “အို-‘ကိတာဗီ’ ရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် မိမိတို့၏‘ဒီန်’ဘာသာသာသနာရေးတွင် (စည်းကမ်း သတ်မှတ်ထားသည်ထက်) အလွန်အကျွံမဖြစ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အကြင်သူတို့၏ အလိုဆန္ဒများကိုလည်း မလိုက်စားကြကုန်လင့်။ ထိုသူတို့သည် အထက်ကျော်ကာလက (မိမိတို့ကိုယ်တိုင်) လမ်းမှားသို့ ရောက်ရှိခဲ့ကြသည်သာမက များစွာသောသူတို့ကိုလည်း လမ်းမှားစေခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်သော (တရားမှန်ကိုသိကြပါလျက်နှင့်ပင်) တရားလမ်းတော်မှ ချွတ်ချော် တိမ်းပါးခဲ့ကြသတည်း။ (ရကူ)
Hashim Tin Myint
(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အို- ကျမ်းရသူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့၏ ဒီန်သာသနာတွင် လွန်ကျူးစွာ အစွန်းမ‌ရောက်ကြနှင့်။ ထို့ပြင် အသင်တို့သည် အကြင်သူများ၏အလိုဆန္ဒများကို မလိုက်ကြနှင့်။ အမှန်မှာ ထိုသူများသည် ယခင်က (သူတို့ကိုယ်တိုင်)လမ်းမှားကို ‌ရောက်ခဲ့ကြသည်သာမက လူအ‌မြောက်အမြားကိုလည်း လမ်းမှား‌စေခဲ့ကြသည်။ ထို့ပြင် သူတို့သည် လမ်းမှန်(ကို သိပါလျက်နှင့် လမ်းမှန်)မှ ချွတ်‌ချော်လွဲမှားခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek