×

ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သောပြုမူကျင့်ကြံများဖြင့် သီလဆောက်တည်ကြသူတို့ အပေါ်၌ သူတို့က အစ္စလာမ်မတိုင်မီကာလတွင် ပြုမူသုံးဆောင်ခဲ့ခြင်းအတွက် အပြစ်မထိုက်ပေ။ သူတို့သည် ယခုအခါ အစ္စလာမ်လက်ခံပြီး အရှင်မြတ်ကို 5:93 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:93) ayat 93 in Burmese

5:93 Surah Al-Ma’idah ayat 93 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 93 - المَائدة - Page - Juz 7

﴿لَيۡسَ عَلَى ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جُنَاحٞ فِيمَا طَعِمُوٓاْ إِذَا مَا ٱتَّقَواْ وَّءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ ثُمَّ ٱتَّقَواْ وَّءَامَنُواْ ثُمَّ ٱتَّقَواْ وَّأَحۡسَنُواْۚ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ ﴾
[المَائدة: 93]

ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သောပြုမူကျင့်ကြံများဖြင့် သီလဆောက်တည်ကြသူတို့ အပေါ်၌ သူတို့က အစ္စလာမ်မတိုင်မီကာလတွင် ပြုမူသုံးဆောင်ခဲ့ခြင်းအတွက် အပြစ်မထိုက်ပေ။ သူတို့သည် ယခုအခါ အစ္စလာမ်လက်ခံပြီး အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲ မြံစွာဖြင့် လိုက်နာကျင့်သုံးရမည့် အချိန်ရောက်လာသည့်အခါ ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သောပြုမူကျင့်ကြံများဖြင့် သီလဆောက်တည်ကြရမည်။ ထို့နောက် ယုံကြည်မှု၊ အတွေးအခေါ်နှင့်မူဝါဒဆိုင်ရာ ကိစ္စရပ်များတွင်လည်း ထပ်မံ၍ အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ပြီး အပြည့်အဝ ယုံကြည်ရမည်။ ထို့ပြင် (အစားအသောက် လူနေမှုဘဝပုံစံနှင့်လူမှုဆက်ဆံရေးနယ်ပယ်တို့တွင်လည်း) အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) လျက် အကောင်းဆုံးဖြစ်အောင် ပြုမူကျင့်ကြံလုပ်ဆောင် ကြရ မည်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာအား အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သူ) တို့ ကို နှစ်သက်တော်မူ၏။

❮ Previous Next ❯

ترجمة: ليس على الذين آمنوا وعملوا الصالحات جناح فيما طعموا إذا ما اتقوا, باللغة البورمية

﴿ليس على الذين آمنوا وعملوا الصالحات جناح فيما طعموا إذا ما اتقوا﴾ [المَائدة: 93]

Ba Sein
၉၃။ ရှေးအခါကစားမိသောအစာများကြောင့် ယုံကြည်လျက် သုစရိုက်ကောင်းမှုများကိုပြုကျင့်သော သူတော်ကောင်းတို့သည် အပြစ်မသင့်ပေ။ ထို့ကြောင့် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို မလစ်ဟင်းရအောင် သတိထားကြလော့။ သုစရိုက်ကောင်းမှုပွားများကြလော့။ တစ်ဖန် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို မပျက်ကွက်စေရန် သတိကောင်းစွာထားကြလော့။ ယုံကြည် ကြလော။ နောက်တစ်ဖန် အလ္လာဟ်အသျှင်မြတ်၏ အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြ လော့။ မှန်ကန်မှုကို ပြုလုပ်ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သူတော်စင်တို့ကို ချစ်မြတ်နိုးတော် မူ၏။
Ghazi Mohammad Hashim
‘အီမာန်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိ၍ ကောင်းမြတ်သောသီလများကို ကျင့်မူကြကုန်သောသူတို့အပေါ်ဝယ် ၎င်းတို့သည် (အတိတ်ကာလ၌ ‘ဟရာမ်’ ဟူ၍ တားမြစ်ခြင်းမပြုမီ သေစာအရက်ကို လည်းကောင်း၊ လောင်းတမ်းကစားခြင်းဖြင့် ရရှိသောပစ္စည်းကိုလည်ကောင်း အခြားတစ်စုံတစ်ရာကိုလည်ကောင်း) စားသုံးမိခဲ့ကြသည့်အတွက် အပြစ်တစ်စုံတစ်ရာမျှမရှိချေ။ အကြင်အခါဝယ် ထိုသူတို့သည် (ထိုစဉ်အခါက တားမြစ်ထားသောအရာများမှလည်း) ကြဉ်ရှောင်ခဲ့ကြကုန်၏။ ထို့ပြင်တဝ ထိုသူတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်တော်များကို) ယုံကြည်ကြ၏။ (‘ဆွလာသ်’ ဝတ်ပြုခြင်း၊ ‘ဆွိယာမ်’ ဥပုသ်သီတင်းသီလဆောက်တည်ခြင်း၊ ‘ဂျီဟာဒ်’ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း အစရှိသည့်) ကောင်းမြတ်သောသီလများကိုလည်း ကျင့်မူကြကုန်၏။ ထိုနောက်တစ်ဖန် ထိုသူတို့သည် (အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟူ၍ တားမြစ်တော်မူသောအခါ ထိုတားမြစ်တော်မူသောအရာများမှလည်း) ကြဉ်ရှောင်ကြကုန်၏။ ၎င်းပြင် (ထိုအရာများနှင့်စပ်လျဉ်း၍ ကျရောက်လာသော အမိန့်ပညတ်တော်များကိုလည်း) အီမာန်ယုံကြည်ကြကုန်၏။ ထို့နောက် တစ်ဖန် ထိုသူတို့သည် (သဒ္ဓါတရားထက်သန်စွာနှင့် တစ်ဆင့်တိုးပြီး ဟရာမ်ဟူ၍ တားမြစ်ထားသောအရာများမှ လွတ်ကင်းနိုင်ခြင်းငှာ ဒွိဟသံသယမကင်းသောအရာများမှလည်း) ကြဉ်ရှောင်ကြ၏။ ၎င်းပြင် (ကောင်းမြတ်သောကျင့်ဝတ်တို့ကို စိတ်ရောကိုယ်ပါ) ကောင်းမွန်စွာ ဖြည့်ကျင့်ဆည်းပူးလျက်လည်းရှိကြ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကောင်းမွန်စွာ ဖြည့်ကျင့် ဆည်းပူးကြကုန်သောသူတို့အား ချစ်ကြည်မြတ်နိုးတော်မူလေသတည်း။ (ရကူ)
Hashim Tin Myint
အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များ ပြုမူခဲ့ကြ‌သောသူများအ‌ပေါ်တွင် သူတို့သည် (အတိတ်ကာလ၌ ဟရာမ်ဟုမတားမြစ်မီက အရက်၊ ‌လောင်းကစားဖြင့် ရထား‌သောပစ္စည်းများနှင့် အခြားအရာများကို)စားသုံးမိခဲ့ကြသည့်အတွက် အပြစ်မရှိ‌ပေ။ ယခင်က သူတို့သည် (ထိုစဉ်က တားမြစ်ထား‌သောအရာများမှ) ‌ရှောင်ကြဉ်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် (ထိုစဉ်က အမိန့်များကိုလည်း) ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထို့‌နောက် ထပ်မံပြီး သူတို့သည် (အရှင်မြတ်က ဟရာမ်ဟု တားမြစ်‌တော်မူလိုက်‌သောအခါ ထိုတားမြစ်ချက်များကိုလည်း) ‌ရှောင်ကြဉ်ကြပြန်သည်။ ၎င်းပြင်(ထိုအမိန့်များကိုလည်း) ယုံကြည်ကြပြန်သည်။ ထို့‌နောက် (တစ်ဆင့်ထပ်တက်၍) သူတို့သည် (ဟရာမ် ကျူးလွန်မိသွား‌စေနိုင်‌သော အရာများမှလည်း) ‌ရှောင်ကြဉ်ကြပြန်သည်သာမက (အရှင်မြတ်သည် မြင်‌နေ‌တော်မူသည်ဟု စိတ်ထဲတွင် စွဲမှတ်ယုံကြည်လျက်) အိဟ်စာန် ‌ကောင်းကျိုး‌ဆောင်ရွက်ကြပြန်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ် မြင်‌နေ‌တော်မူသည်ဟု စိတ်ထဲတွင် စွဲမှတ်ယုံကြည်လျက်) အိဟ်စာန် ‌ကောင်းကျိုး‌ဆောင်ရွက်‌သောသူများအား ချစ်မြတ်နိုး‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek