Quran with Burmese translation - Surah Al-Ma’idah ayat 94 - المَائدة - Page - Juz 7
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَيَبۡلُوَنَّكُمُ ٱللَّهُ بِشَيۡءٖ مِّنَ ٱلصَّيۡدِ تَنَالُهُۥٓ أَيۡدِيكُمۡ وَرِمَاحُكُمۡ لِيَعۡلَمَ ٱللَّهُ مَن يَخَافُهُۥ بِٱلۡغَيۡبِۚ فَمَنِ ٱعۡتَدَىٰ بَعۡدَ ذَٰلِكَ فَلَهُۥ عَذَابٌ أَلِيمٞ ﴾
[المَائدة: 94]
﴿ياأيها الذين آمنوا ليبلونكم الله بشيء من الصيد تناله أيديكم ورماحكم ليعلم﴾ [المَائدة: 94]
Ba Sein ၉၄။ အို-ယုံကြည်သူအပေါင်းတို့ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား သင်တို့လက်နက်များနှင့် ဖမ်းဆီးရသောအမဲများနှင့်စပ်လျဉ်း၍ အမှန်ပင်စုံစမ်းတော်မူလိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အနက် အဘယ်သူသည် အသျှင်မြတ်အား တိတ်တဆိတ်ကြောက်ရွံ့ရိုကျိုးသည်ကို သိစိမ့် သောငှာ ယင်းကဲ့သို့ စုံစမ်းတော်မူမည်။ ယင်းသို့ စုံစမ်းတော်မူပြီးနောက် တရားတော်ကို ချိုးဖောက် ကျူးလွန်သူသည် အလွန်ပြင်းပြနာကျင်သော အပြစ်ဒဏ်ကို ခံစားရလိမ့်မည်။ |
Ghazi Mohammad Hashim အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအား အကွယ်၌ မည်သူကြောက်ရွံ့သည်ကိုသိတော်မူခြင်းငှာ အသင်တို့၏လက်များနှင့် လှံစွပ်များမှီနိုင်သော အချို့အမဲများဖြင့် အသင်တို့အား စမ်းသပ်တော်မူမည်။ သို့ဖြစ်ပေရာ မည်သူမဆို ထို (ကဲ့သို့ ထုတ်ဖေါ်မိန့်ကြားတော်မူပြီး) နောက် (ထိုအမဲများကို ပစ်ခတ်ဖမ်းဆီးခြင်းအားဖြင့်) ကျူးကျော်ခဲ့ပါမူ ထိုသူတို့၏အဖို့ (နောင်တမလွန်ဘဝတွင်) အလွန်နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် အဆင်သင့်ရှိပေသည်။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အား အကွယ်မှ မည်သူသည် ကြောက်ရွံ့သနည်းဆိုသည်ကို သိတော်မူရန်အတွက် အသင်တို့၏လက်များနှင့် အသင်တို့၏လှံများ မီနိုင်သော အချို့သားကောင်များနှင့် အသင်တို့အား စမ်းသပ်တော်မူမည်။ သို့ဖြစ်ရာ မည်သူမဆို ဤ(တားမြစ်ချက်)နောက်တွင် (အမဲလိုက်)ကျူးကျော်ခဲ့လျှင်၊ ထိုသူများအတွက် အလွန်နာကျင်စေသော အပြစ်ဒဏ်သည် အဆင်သင့်ရှိသည်။ |