×

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ဟဂျ်နှင့်အွမ်ရဟ်ဝတ်ပြုမှုအတွက် ဝတ်ဆင်ရသည့် အစ်ဟ် ရာမ်ဝတ်ရုံကို ဝတ်ဆင်လျက်ရှိကြစဉ်၊ အမဲလိုက်သတ်ဖြတ်ခြင်း မပြုကြလေနှင့်။ အမှန်စင်စစ်၊ သင်တို့အနက်မှ 5:95 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:95) ayat 95 in Burmese

5:95 Surah Al-Ma’idah ayat 95 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 95 - المَائدة - Page - Juz 7

﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَقۡتُلُواْ ٱلصَّيۡدَ وَأَنتُمۡ حُرُمٞۚ وَمَن قَتَلَهُۥ مِنكُم مُّتَعَمِّدٗا فَجَزَآءٞ مِّثۡلُ مَا قَتَلَ مِنَ ٱلنَّعَمِ يَحۡكُمُ بِهِۦ ذَوَا عَدۡلٖ مِّنكُمۡ هَدۡيَۢا بَٰلِغَ ٱلۡكَعۡبَةِ أَوۡ كَفَّٰرَةٞ طَعَامُ مَسَٰكِينَ أَوۡ عَدۡلُ ذَٰلِكَ صِيَامٗا لِّيَذُوقَ وَبَالَ أَمۡرِهِۦۗ عَفَا ٱللَّهُ عَمَّا سَلَفَۚ وَمَنۡ عَادَ فَيَنتَقِمُ ٱللَّهُ مِنۡهُۚ وَٱللَّهُ عَزِيزٞ ذُو ٱنتِقَامٍ ﴾
[المَائدة: 95]

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ဟဂျ်နှင့်အွမ်ရဟ်ဝတ်ပြုမှုအတွက် ဝတ်ဆင်ရသည့် အစ်ဟ် ရာမ်ဝတ်ရုံကို ဝတ်ဆင်လျက်ရှိကြစဉ်၊ အမဲလိုက်သတ်ဖြတ်ခြင်း မပြုကြလေနှင့်။ အမှန်စင်စစ်၊ သင်တို့အနက်မှ မည်သူမဆို ထိုအမဲတိရစ္ဆာန်များကို တမင်ကြံရွယ်၍ သတ်ဖြတ်ခဲ့ပါမူ၊ ထိုကျူးလွန်မှု၏ပြစ်ဒဏ်အကျိုးဆက်အတွက် သင်တို့အနက်မှ တရားမျှတမှုပေါ်အခြေခံ၍ အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်နှစ်ဦးအား ထိုသတ်ခဲ့သော တိရစ္ဆာန်နှင့်ညီတူညီမျှဖြစ်သော ခြေလေးချောင်း တိရစ္ဆာန်တစ်ကောင်ကို စွန့်လှူနိုင်ရန် ဆုံးဖြတ်စေပြီးနောက် အထွတ်အမြတ်ဆုံးဝတ်ကျောင်းတော်သို့ ပို့ဆောင်စေရမည်။ သို့မဟုတ် ထိုကျူးလွန်မှုအတွက် ပေးဆပ်မှုအဖြစ် ချို့တဲ့ဆင်းရဲသူတို့အား အစားအသောက်များဖြင့် ကျွေးမွေးခြင်းစေရမည်၊ သို့တည်းမဟုတ် သူ၏တရားမမျှတသော လုပ်ရပ်ကြောင့်ဖြစ်လာသည့် ဆိုးကျိုးနှင့်တရားမျှတမှုသည် ထိုသို့အရေးပါကြောင်းကို သိနားလည်ပြီး ခံစားနိုင်ရန်အလို့ငှာ ဆွီယာမ်ဥပုသ် သီလဆောက်တည်ရမည်။ အလ္လာဟ်အရှင်မြတ်သည် သင်တို့က အစ္စလာမ် ကို လက်ခံယုံကြည်ခြင်းမရှိခဲ့စဉ် ကျူးလွန်မိသည့် လွန်လေပြီးသော အပြစ်တို့ကိုမူ ခွင့်လွှတ်တော်မူခဲ့ပြီး ဖြစ်၏။ သို့ရာတွင် အစ္စလာမ့် စည်းဘောင်ထဲသို့ ဝင်ရောက်လာပြီးနောက်တွင်မူ မည်သူမဆို အရှင့်စည်းဘောင်ကို ကျူးလွန်ဖောက် ဖျက်လျှင် အလ္လာဟ်အရှင်မြတ်သည် သူ့အတွက် ဒဏ်ခတ်အရေးယူမှုကို ဖြစ်စေတော်မူလိမ့်မည်။ နှလုံးသွင်းသင့်သည်မှာ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အား အရှင့်စည်းဘောင်နိယာမ တော်များဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရာခပ်သိမ်း၏ပိုင်ရှင်စစ် ဖြစ်ရုံသာမက အဆိုပါစည်းဘောင်များအား ချိုးဖောက်ကျူး လွန်သူတို့ကို ဒဏ်ခတ်အရေးယူနိုင်သော အခြေအနေအလုံးစုံကို ဖြစ်စေတော်မူသောအရှင်လည်း ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ياأيها الذين آمنوا لا تقتلوا الصيد وأنتم حرم ومن قتله منكم متعمدا, باللغة البورمية

﴿ياأيها الذين آمنوا لا تقتلوا الصيد وأنتم حرم ومن قتله منكم متعمدا﴾ [المَائدة: 95]

Ba Sein
၉၅။ ပို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် ဟဂျ်ဝတ်ကို ပြုကျင့်နေစဉ် တိရစ္ဆာန်အမဲကို မလိုက်ကြလင့်။ မသတ်ကြလင့်။ အကြင်သူသည် အမဲကိုသတ်လိုသောစိတ်သဘောနှင့်သတ်အံ့။ ထိုသူသည် တိရစ္ဆာန်အယဉ်ထဲမှသတ်သော တိရစ္ဆာန်အရိုင်းနှင့်တူမျှသော တိရစ္ဆာန်ကို လျှော်ရမည်။ ဤကိစ္စကို ဆုံးဖြတ်ရမည့်တရားသူကြီးမှာ သင်တို့အထဲက ရိုးသားဖြောင့်မတ်တရားသည်ဟု ကျော်ကြားသော ပုဂ္ဂိုလ်နှစ်ဦးဖြစ်စေရမည်။ လျော်ကောင်တိရစ္ဆာန်ကို ကအ်ဘာကျောင်းတော်သို့ သတ်လှူရန် ယူဆောင်ခဲ့ရမည်။ သို့မဟုတ် အမဲလိုက်မှုအပြစ်ကိုဖြေရန် ထိုသူသည် အမဲကောင်၏တန်ဖိုးအားဖြင့် ဝယ်ယူ၍ သူဆင်းရဲများကို စားဖွယ်သောက်ဖွယ် တည်ခင်းကျွေးရမည်။ သို့မဟုတ် အစာအာဟာရ တည်ခင်းကျွေးရမည်ဖြစ်သော သူဆင်းရဲဦးရေနှင့်အမျှ ဥပုသ်သီလ ကျင့်သုံးဆောက်တည်ရမည်။ သို့မှသာလျှင် ထိုသူသည် မိမိပြုကျင့်မှု၏အရသာဆိုးကို မြည်းစမ်းရလိမ့်မည်။ အလ္လာဟ်အသျှင်မြတ် သည် လွန်ပြီးသော ဤပြစ်မှုမျိုးကို ခွင့်လွှတ်တော်မူ၏။ သို့သော် အကြင်သူသည် ဤနောက်မှ ထိုပြစ်မှုမျိုးကို တစ်ဖန်ကျူးလွန်ခဲ့လျှင် ထိုသူကို အလ္လာဟ်အသျှင်မြတ် လက်စားချေတော်မူလိမ့် မည်။ အလ္လာဟ်အသျှင်မြတ်သည် အနန္တဘုန်းတန်ခိုးတော်နှင့်ပြည့်စုံတော်မူ၏။ ပြစ်မှုကို လက်စားချေ စွမ်းနိုင်တော်မူ၏။
Ghazi Mohammad Hashim
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ‘အစ်ဟ်ရာမ်’ ဝတ်ရုံကို ဝတ်ဆင်လျက်ရှိကြစဉ်အခါဝယ် အမဲတိရစ္ဆာန်တို့ကို (ပစ်ခတ်ဖမ်းဆီး) သတ်ဖြတ်ခြင်းမပြုကြကုန်လင့်။ အမှန်စင်စစ်သော်ကား မည်သူမဆို အသင်တို့အနက်မှ ထိုအမဲတိရစ္ဆာန်များကို တမင်ကြံရွယ်ပြီးသတ်ဖြတ်ခဲ့ပါမူ ထိုသတ်ခဲ့သောတိရစ္ဆာန်နှင့် တူမျှသော အခြေလေးချောင်း တိရစ္ဆာန်တစ်ကောင်ကို ကုရ်ဗာနီသားကောင်အဖြစ် ကအ်ဗဟ်ကျောင်းတော်သို့ ပို့ဆောင်ခြင်းအားဖြင့် ဒဏ်ဆောင်ရမည်။ ၎င်း (ဒဏ်ဆောင်ရမည့်တိရစ္ဆာန်) ကို အသင်တို့အနက်မှ တရားမျှတမှုရှိသော ပုဂ္ဂိုလ်နှစ်ဦးသည် ဆုံးဖြတ်၍ပေးရမည်။ သို့မဟုတ် သူဆင်းရဲတို့အား ဘောဇဉ်ခဲဘွယ်တို့ကို ကျွေးမွေးခြင်းအားဖြင့်သော်လည်းကောင်း၊ ယင်း (ကျွေးမွေးရမည့် သူဆင်းရဲတို့၏ ဦးရေ) နှင့်အမျှ ဥပုသ်သီတင်း သီလဆောက် တည်ခြင်းအားဖြင့်သော်လည်းကောင်း အပြစ်ဒဏ်အာပတ်ဖြေရပေမည်။ (ယင်းကဲ့သို့ ဒဏ်ဆောင်စေခြင်းနှင့် အပြစ်အာပတ်ဖြေစေခြင်းမှာ) ထိုသူသည် မိမိပြုမူချက်၏အရသာကို မြည်းစမ်းခြင်းငှာဖြစ်ချေသည်။ အလ္လာဟ်အရှင်မြတ်သည် လွန်လေပြီးသောအပြစ်တို့ကို ခွင့်လွှတ်တော်မူခဲ့ပြီးဖြစ်၏။ သို့ရာတွင်မည်သူမဆို ထပ်မံ၍ပြုကျင့်ပါမူ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား လက်စားချေတော်မူအံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင် လက်စားချေတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အိဟ်ရာမ်ဝတ်ရုံကို ရုံထားလျက် အမဲလိုက်သတ်ဖြတ်မှု မပြုလုပ်ကြနှင့်။* ၎င်းပြင် အသင်တို့ထဲမှ မည်သူမဆို တမင်ရည်ရွယ်ပြီး အမဲလိုက်သတ်ဖြတ်ခဲ့လျှင်၊ ထိုသတ်ဖြတ်ခဲ့‌သော သား‌ကောင်(၏ တန်ဖိုး)နှင့်ညီမျှ‌သော ‌ခြေ‌လေး‌ချောင်းသား‌ကောင်တစ်‌ကောင်ကို ကုရ်ဗာနီသား‌ကောင်အဖြစ် ကအ်ဗဟ်‌ကျောင်း‌တော်ထံသို့ ပို့‌ဆောင်(၍ ဒဏ်‌ဆောင်)ရမည်။ ထို(ဒဏ်‌ဆောင်ရမည့်)သား‌ကောင်ကို အသင်တို့ထဲမှ တရားမျှတ‌သော ပုဂ္ဂိုလ်နှစ်ဦးက ဆုံးဖြတ်‌ပေးရမည်။ သို့မဟုတ် ကဖ်ဖာရဟ်အဖြစ် ဆင်းရဲသားများအား (ထိုဒဏ်‌ဆောင်ရမည့်သား‌ကောင်၏ တန်ဖိုးကို)‌ဝေငှ‌ပေး‌ကျွေးရမည်။ သို့မဟုတ် ထို(‌ဝေငှ‌ပေး‌ကျွေးခံရ‌သော)ဆင်းရဲသား အ‌ရေအတွက်နှင့်အညီအမျှ ‌စွောင်မ်ဥပုသ် ‌စောင့်ထိန်းရမည်။* (ထိုကဲ့သို့ ဒဏ်‌ဆောင်‌စေခြင်းနှင့် အပြစ်‌ပြေ‌အောင်‌ဖြေ‌စေခြင်းမှာ) ထိုသူသည် သူပြုလုပ်‌သောကိစ္စ၏ဆိုးကျိုးရလာဒ်ကို မြည်းစမ်း‌စေရန်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် (ဟရာမ် မသတ်မှတ်မီက) ပြီးခဲ့‌သောကိစ္စများကို ခွင့်လွှတ်‌တော်မူခဲ့ပြီးဖြစ်သည်။ သို့ရာတွင် မည်သူမဆို ထပ်မံကျူးလွန်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့ကို တန်ပြန်အ‌ရေးယူ‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌သောမူ‌သောအရှင်၊ တန်ပြန်အ‌ရေးယူ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek