×

ထိုကဲ့သို့ပင် (သူတို့သည် အရာခပ်သိမ်း၏အပေါ်ယံနှင့်အကန့်အသတ်ဖြင့်ရှိသည်ကိုသာ အလေးအနက် မတွေးခေါ်ဘဲ လက်ခံလျက် မိစ္ဆာတရားနှင့်မတည်မြဲသော လောကီကိုသာ လိုလားမက်မောနေခြင်းသည်ပင်) သူတို့၏အသိပညာပေါင်းချုပ် ဖြစ်နေ၏။ ဧကန်မလွဲ၊ 53:30 Burmese translation

Quran infoBurmeseSurah An-Najm ⮕ (53:30) ayat 30 in Burmese

53:30 Surah An-Najm ayat 30 in Burmese (البورمية)

Quran with Burmese translation - Surah An-Najm ayat 30 - النَّجم - Page - Juz 27

﴿ذَٰلِكَ مَبۡلَغُهُم مِّنَ ٱلۡعِلۡمِۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِمَنِ ٱهۡتَدَىٰ ﴾
[النَّجم: 30]

ထိုကဲ့သို့ပင် (သူတို့သည် အရာခပ်သိမ်း၏အပေါ်ယံနှင့်အကန့်အသတ်ဖြင့်ရှိသည်ကိုသာ အလေးအနက် မတွေးခေါ်ဘဲ လက်ခံလျက် မိစ္ဆာတရားနှင့်မတည်မြဲသော လောကီကိုသာ လိုလားမက်မောနေခြင်းသည်ပင်) သူတို့၏အသိပညာပေါင်းချုပ် ဖြစ်နေ၏။ ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မည်သူက အရှင့်လမ်းစဉ်တော်မှ လွဲချော်၍ လမ်းမှားရောက်နေသည်ကို အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် မည်သူက တရားလမ်းမှန် ညွှန်ပြခြင်း ခံရသည်ကိုလည် အသိတော်မူဆုံး ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ذلك مبلغهم من العلم إن ربك هو أعلم بمن ضل عن سبيله, باللغة البورمية

﴿ذلك مبلغهم من العلم إن ربك هو أعلم بمن ضل عن سبيله﴾ [النَّجم: 30]

Ba Sein
၃ဝ။ ထိုသူတို့၏ အသိပညာသည် ဤမျှလောက်သာ စောက်နက်၏၊ မှတ်သားလော့၊ သင်၏ အရှင်သခင်သည် လမ်းလွဲသွားသူကို ကောင်းစွာသိမြင်တော်မူ၏၊ လမ်းမှန်ကို လိုက်သူကိုလည်း ကျနစွာသိမြင်တော်မူ၏။
Ghazi Mohammad Hashim
ဤသည် ၎င်းတို့၏ အမြင့်ဆုံးသော အသိပညာပင်။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင်လျှင် ထိုအရှင်မြတ်၏လမ်းမှ လွဲချော်သူအား အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်သာလျှင် တရား လမ်းရရှိသောသူအား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထိုအရာသည်သူတို့၏အမြင့်ဆုံးအသိပညာပင်ဖြစ်သည်။ အမှန်စင်စစ်အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် အရှင်မြတ်၏လမ်း‌တော်မှ လွဲ‌ချော်သူကို အသိဆုံးဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် တရားလမ်းမှန်ရသည့်သူကိုလည်းအသိဆုံး ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek