Quran with Burmese translation - Surah Ar-Rahman ayat 39 - الرَّحمٰن - Page - Juz 27
﴿فَيَوۡمَئِذٖ لَّا يُسۡـَٔلُ عَن ذَنۢبِهِۦٓ إِنسٞ وَلَا جَآنّٞ ﴾
[الرَّحمٰن: 39]
﴿فيومئذ لا يسأل عن ذنبه إنس ولا جان﴾ [الرَّحمٰن: 39]
Ba Sein ၃၉။ ထိုနေ့တော်ကြီး၌ လူသားသော်လည်းကောင်း၊ ဂျင်နတ်သားသော်လည်းကောင်း မိမိကျူးလွန်မိခဲ့သောအပြစ် အကြောင်းကို မေးမြန်းတော်မူခြင်းခံရမည်မဟုတ်ချေ။ |
Ghazi Mohammad Hashim စင်စစ် ထိုနေ့တွင် မည်သည့်လူ တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ မည်သည့်ဂျင်န် တစ်ဦးတစ်ယောက်မျှလည်းကောင်း၊ မိမိအပြစ်နှင့် စပ်လျဉ်း၍ မေးမြန်းခြင်းခံရမည် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် ထိုနေ့တွင် မည်သည့်လူဖြစ်စေ၊ မည်သည့်ဂျင်န် ဖြစ်စေ (သူကျူးလွန်ခဲ့သောအပြစ်များကို အရှင်မြတ်သိတော်မူပြီးဖြစ်သည့်အတွက်) သူ၏အပြစ်များနှင့် ပတ်သက်၍ မေးမြန်းခံရမည်မဟုတ်တော့ပေ။ ###၁၁ |