Quran with Burmese translation - Surah Al-An‘am ayat 102 - الأنعَام - Page - Juz 7
﴿ذَٰلِكُمُ ٱللَّهُ رَبُّكُمۡۖ لَآ إِلَٰهَ إِلَّا هُوَۖ خَٰلِقُ كُلِّ شَيۡءٖ فَٱعۡبُدُوهُۚ وَهُوَ عَلَىٰ كُلِّ شَيۡءٖ وَكِيلٞ ﴾
[الأنعَام: 102]
﴿ذلكم الله ربكم لا إله إلا هو خالق كل شيء فاعبدوه وهو﴾ [الأنعَام: 102]
Ba Sein ၁ဝ၂။ သင်တို့၏ ကျေးဇူးတော်သခင်၊ အလ္လာဟ်အသျှင်မြတ်သည် ယင်းကဲ့သို့ဖြစ်တော်မူ၏။ ခပ်သိမ်းကုန် သောအရာတို့ကို ဖန်ဆင်းတော်မူသော အသျှင်သခင်မှတစ်ပါး အလ္လာဟ်အသျှင်မရှိပေ။ ထို့ကြောင့် အသျှင်မြတ်အား ခဝပ်ကိုးကွယ်ကြလော့။ အသျှင်မြတ်သည် အရာခပ်သိမ်းတို့ကို ထိန်းသိမ်း စောင့်ရှောက်တော်မူ၏။ |
Ghazi Mohammad Hashim (ဤသည်) ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအလ္လာဟ် အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်မှတပါး ခဝပ်ကိုးကွယ်ရာအရှင်မရှိပြီ။(ထိုအရှင်မြတ်သည်) အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာခဝပ်ကိုးကွယ်ကြလေကုန်။ စင်စစ်သော် ကားထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို စီမံခန့်ခွဲပြီးငြိမ်းစေတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ဤသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သောအရှင် မရှိပေ။ (ထိုအရှင်မြတ်သည်)အရာရာကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို စီမံခန့်ခွဲ ပြီးမြောက်စေတော်မူသော အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်တော်မူသောအရှင် ဖြစ်တော်မူသည်။ |