Quran with Burmese translation - Surah Al-An‘am ayat 103 - الأنعَام - Page - Juz 7
﴿لَّا تُدۡرِكُهُ ٱلۡأَبۡصَٰرُ وَهُوَ يُدۡرِكُ ٱلۡأَبۡصَٰرَۖ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ ﴾
[الأنعَام: 103]
﴿لا تدركه الأبصار وهو يدرك الأبصار وهو اللطيف الخبير﴾ [الأنعَام: 103]
Ba Sein ၁ဝ၃။ အသျှင်မြတ်အား မျက်စိများက မတွေ့မြင်နိုင်ပေ။ သို့သော် ထိုအရှင်မြတ်က မျက်စိများကို သိမြင် တော်မူ၏။ အသျှင်မြတ်သည် နက်နဲသိမ်မွေ့လှတော်မူ၏။ အရာရာကို သိကျွမ်းနားလည်တော် မူ၏။ |
Ghazi Mohammad Hashim (မံသ)စက္ခုများသည် ထိုအရှင်မြတ်အား (စိတ်ငုံ)မိနိုင်သည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်မှာကား(မံသ)စက္ခုများကို (စိတ်ငုံ) ငုံမိလျက် ရှိတော်မူချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလွန်နက်နဲသိမ်မွေ့တော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ် ဖြစ်ပေသတည်း။ |
Hashim Tin Myint မျက်စိများသည် အရှင်မြတ်ကို ခြုံငုံကြည့်မြင်နိုင်ခြင်း မရှိပေ။* အရှင်မြတ်ကမူ မျက်စိများကို ခြုံငုံကြည့်မြင်နေလျက်ရှိတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အကြွင်းမဲ့ကြားသိတော်မူသောအရှင် ဖြစ်တော်မူသည်။ |