×

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏မူလအစကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသော ငါအရှင်မြတ်၌ အရှင့်တွဲဖော်တွဲဖက်ကြင်ယာတော် လုံးဝ ကင်းစင်တော်မူပါလျက် အရှင့်အတွက် မည်သို့ (အဘယ်ကြောင့်) သားသမီးများကို ကြံစည်ဖန်တီး၍ ကိုးကွယ်ကြသနည်း။ 6:101 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:101) ayat 101 in Burmese

6:101 Surah Al-An‘am ayat 101 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 101 - الأنعَام - Page - Juz 7

﴿بَدِيعُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ أَنَّىٰ يَكُونُ لَهُۥ وَلَدٞ وَلَمۡ تَكُن لَّهُۥ صَٰحِبَةٞۖ وَخَلَقَ كُلَّ شَيۡءٖۖ وَهُوَ بِكُلِّ شَيۡءٍ عَلِيمٞ ﴾
[الأنعَام: 101]

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏မူလအစကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသော ငါအရှင်မြတ်၌ အရှင့်တွဲဖော်တွဲဖက်ကြင်ယာတော် လုံးဝ ကင်းစင်တော်မူပါလျက် အရှင့်အတွက် မည်သို့ (အဘယ်ကြောင့်) သားသမီးများကို ကြံစည်ဖန်တီး၍ ကိုးကွယ်ကြသနည်း။ ထိုအရှင်သည် အရာခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင် ဖြစ်ရုံသာမက အရာခပ်သိမ်းတို့၏လှုပ်ရှားမှုအလုံးစုံကိုလည်း အကြွင်းမဲ့ သိနေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: بديع السموات والأرض أنى يكون له ولد ولم تكن له صاحبة وخلق, باللغة البورمية

﴿بديع السموات والأرض أنى يكون له ولد ولم تكن له صاحبة وخلق﴾ [الأنعَام: 101]

Ba Sein
၁ဝ၁။ မိုးကောင်းကင်များနှင့် ကမ္ဘာမြေကြီးကို စတင်ဖန်ဆင်းတော်မူသောအသျှင် အလ္လာဟ်အသျှင်မြတ်၌ ကြင်ယာတော်မရှိဘဲ မည်သို့ သားသမီးရှိနိုင်အံ့နည်း။ အသျှင်မြတ်သည် ခပ်သိမ်းကုန်သောအရာများ ကို ဖန်ဆင်းတော်မူ၏။ အရာရာကို သိမြင်တော်မူ၏။
Ghazi Mohammad Hashim
(ထိုအရှင်မြတ်သည်) မိုးများနှင့်ပထဝီမြေကိုစတင်ဖန်ဆင်းတီထွင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်၌ ကြင်ရာကြင်ဘက်မရှိဘဲလျက်အဘယ်မှာလျှင် ထိုအရှင်မြတ်၌ သားသမီးရှိနိုင်ပါအံ့နည်း။စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
(အရှင်မြတ်သည်) ‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဆန်းကြယ်စွာ စတင်ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ အရှင်မြတ်၌ ကြင်ရာမရှိဘဲ မည်ကဲ့သို့ အရှင်မြတ်တွင် သားသမီးရှိမည်နည်း။* ၎င်းပြင် အရှင်မြတ်ပင် အရာအားလုံးကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်ပင် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek