×

ဤသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန်တည်ကြည်စေမည့် လမ်းစဉ်တော်ပင် ဖြစ်၏။ မုချဧကန်၊ ငါအရှင်မြတ်သည် သတိရှိစွာဖြင့် 6:126 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:126) ayat 126 in Burmese

6:126 Surah Al-An‘am ayat 126 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 126 - الأنعَام - Page - Juz 8

﴿وَهَٰذَا صِرَٰطُ رَبِّكَ مُسۡتَقِيمٗاۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٖ يَذَّكَّرُونَ ﴾
[الأنعَام: 126]

ဤသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန်တည်ကြည်စေမည့် လမ်းစဉ်တော်ပင် ဖြစ်၏။ မုချဧကန်၊ ငါအရှင်မြတ်သည် သတိရှိစွာဖြင့် တွေးတောဆင်ခြင်ကြသော လူမျိုးတို့အတွက် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းလင်းတင်ပြစေတော်မူခဲ့ပြီဖြစ်၏။

❮ Previous Next ❯

ترجمة: وهذا صراط ربك مستقيما قد فصلنا الآيات لقوم يذكرون, باللغة البورمية

﴿وهذا صراط ربك مستقيما قد فصلنا الآيات لقوم يذكرون﴾ [الأنعَام: 126]

Ba Sein
၁၂၆။ ဤလမ်းသည် သင့်ကျေးဇူးတော်သခင်၏ ဖြောင့်မတ်မှန်ကန်သောလမ်းတော်ကြီးဖြစ်၏။ ငါသည် ငါ၏ နှုတ်ကပတ်တော်များကို သတိတရားရှိသူတို့အဖို့ ချပေးသနားတော်မူ၏။
Ghazi Mohammad Hashim
အမှန်စင်စစ်သော်ကား ဤ(အစ္စလာမ်သာသနာ တော်) သည်သာလျှင် အသင့်အား မွေးမြူ တော်မူသောအရှင်မြတ်၏ ဖြောင့်မတ်မှန်ကန် သောတရားလမ်းပင် ဖြစ်ချေသည်။ မုချဧကန် ငါအရှင်မြတ်သည်(မိမိ)သက်သေလက္ခဏာတော်များကို နာခံသောသူတို့ အကျိုးငှာ အသေးစိတ် လင်းပြတော်မူပြီး ဖြစ်ချေသတည်း။
Hashim Tin Myint
ထို့ပြင် ၎င်း(အစ္စလာမ်သာသနာ)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းပင် ဖြစ်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အာယသ်‌တော်များကို တရားသံ‌ဝေဂရသူများအတွက် အ‌သေးစိပ်ရှင်းလင်းပြသ‌တော်မူပြီး ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek