Quran with Burmese translation - Surah Al-An‘am ayat 129 - الأنعَام - Page - Juz 8
﴿وَكَذَٰلِكَ نُوَلِّي بَعۡضَ ٱلظَّٰلِمِينَ بَعۡضَۢا بِمَا كَانُواْ يَكۡسِبُونَ ﴾
[الأنعَام: 129]
﴿وكذلك نولي بعض الظالمين بعضا بما كانوا يكسبون﴾ [الأنعَام: 129]
Ba Sein ၁၂၉။ ငါအသျှင်မြတ်သည် ဒုစရိုက်ကောင်များအနက် အချို့အား အခြားသူတို့ကို လွှမ်းမိုးစေတော်မူ၏။ သူတို့ပြုကျင့်မှုကြောင့် ဤသို့ လွှမ်းမိုးစေတော်မူ၏။ |
Ghazi Mohammad Hashim ၎င်းအပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းင် ကျူးကျော်စော်ကားသူများအနက် အချို့ကို အချို့အပေါ်၌၎င်းတို့၏အပြုအမူတို့ကြောင့် ကြီးစိုး စေတော်မူအံ့။(တစ်နည်း။)၎င်းပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်အချို့မတရားသောသူတို့အား အချို့ မတရားသောသူတို့နှင့်နီးကပ်စေတော်မူအံ့။ (အချို့ မတရားသောသူတို့၏အနီး၌ထားရှိတော်မူအံ့၊) |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ပင် မတရားကျူးကျော်သူများထဲမှ အချို့ကို အချို့အပေါ်၌ သူတို့၏လုပ်ရပ်များကြောင့် လွှမ်းမိုးအုပ်ချုပ်စေတော်မူမည်။ |