Quran with Burmese translation - Surah Al-An‘am ayat 135 - الأنعَام - Page - Juz 8
﴿قُلۡ يَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَامِلٞۖ فَسَوۡفَ تَعۡلَمُونَ مَن تَكُونُ لَهُۥ عَٰقِبَةُ ٱلدَّارِۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ ﴾
[الأنعَام: 135]
﴿قل ياقوم اعملوا على مكانتكم إني عامل فسوف تعلمون من تكون له﴾ [الأنعَام: 135]
Ba Sein ၁၃၅။ အို-မိုဟမ္မဒ် ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့သည် အစွမ်းကုန် ကြိုးစားကြလော့။ အကျွနု်ပ်လည်း ကြိုးစားနေသည်။ အကျွနု်ပ်တို့အနက် အဘယ်သူတို့သည် ဝမ်းမြောက်ဖွယ်ကောင်း သော အကျိုးဆက်ကို ခံစားရမည်ကို သင်တို့မကြာခင် သိကြရလိမ့်မည်။ မှတ်သားကြလော့။ ဒုစရိုက်မှု ကျူးလွန်သူတို့သည် အောင်မြင်ကြမည်မဟုတ်ပေ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်တို့သည် (ထိုကာဖိရ်တို့အားဤသို့)ပြောကြားပါလေ အို-ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့နည်းအတိုင်းသာ ပြုလုပ်ကြလေကုန်။ ငါသည်လည်း (မိမိနည်းလမ်းအတိုင်းပင်) ပြုလုပ်လျက်ရှိချေပြီ။ နောက်ဆုံး စိတ်ချမ်းသာမှုသည် မည်သူတို့အဖို့ဖြစ်သည်ကို မကြာမြင့်မီ အသင်တို့သိရှိ ကြရလတ္တံ့။ ဧကန်မုချမတရားပြုကျင့်သော သူတို့သည် အလျင်းအောင်မြင်ကြလိမ့်မည်မဟုတ်ချေ။ |
Hashim Tin Myint (အို- တမန်တော်)အသင် ပြောလိုက်ပါ- အို- ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် အသင်တို့၏နေရာ၌ (အသင်တို့၏ နည်းလမ်းအတိုင်း) ပြုလုပ်နေကြပါ။ အမှန်စင်စစ် ငါလည်း(ငါ၏ နည်းလမ်းအတိုင်း)ပြုလုပ်နေသူဖြစ်သည်။ ထို့နောက် ဤလောက၏(ကောင်းမွန်သော)အဆုံးသတ် နိဂုံးချုပ်သည် မည်သူ့အတွက်ဖြစ်သည်ဆိုသည်ကို မကြာမီ အသင်တို့ သိကြရလိမ့်မည်။ အမှန်စင်စစ် မတရားကျူးလွန်သူများသည် အောင်မြင်မည် မဟုတ်ပေ။ |